၂၀၁၅ အတွင်း မြန်မာ နိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် လူတစ်သောင်းကျော်
သေဆုံးခဲ့ရကြောင်း သြဂုတ် ၁၅ ရက်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သ
တင်းထုတ်ပြန်သည်။
ယင်းသတင်းထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် ယာဉ်တိုက် မှုကြောင့် လူတစ်သိန်းလျှင် ၂၀ ဒသမ ၃ ဦး သေဆုံးနေရပြီး ဒေသ တွင်း ၁၁ နိုင်ငံ၌ ဒုတိယနေရာတွင် တည်ရှိနေကြောင်း ဖော်ပြထားသည်။ ၂၀၁၅ နှောင်းပိုင်းမှစတင် ၍ ပြည်သူ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နည်းပညာနှင့် ငွေကြေးအထောက်အပံ့တို့ဖြင့် အမြန်လမ်းမပေါ်၌ ယာဉ်တိုက်မှုများ လေ့လာကောက်ယူခဲ့သည်။
ယင်းရလဒ်များအရ ၂၀၁၅ တွင် အမြန်လမ်းပေါ်၌ ယာဉ် တိုက်မှုပေါင်း ၄၅၃ ခုရှိပြီး ၂၀၁၃ အတွင်း ယာဉ်တိုက်မှု ၂၅၉ ခု ထက် ပိုမိုများပြားနေပြီး တစ်နေ့လျှင် လူတစ်ဦးထက်ပိုသော ယာဉ်မတော်တဆ ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
‘‘အရင်ကတော့ ကားတွေ သိပ်မကောင်းတော့ ကားကြောင့် ဖြစ်တာများတယ်။ အခုကတော့ ကားတွေ အရမ်းကောင်းပြီး အ ရှိန်နဲ့မောင်းလို့ လူသေဆုံးမှုတွေ အဖြစ်များတယ်။ အမြန်လမ်းက တစ်လမ်းမောင်းဆိုတော့ မောင်း တဲ့သူ အိပ်ငိုက်တာနဲ့ အရှိန်မထိန်း နိုင်လို့မှောက်တဲ့ ယာဉ်တိမ်း မှောက်မှုတွေ ပိုများပါတယ်’’ဟု အမြန်လမ်း ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ယာဉ်တိုက်မှုဖြစ်ရ ခြင်းအကြောင်းရင်းမှာ အရှိန်မြင့် စွာ မောင်းနှင်ခြင်း၊ တာယာကွဲ ထွက်ခြင်း၊ ယာဉ်စည်းကမ်း၊လမ်း စည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ မောင်းနှင်ခြင်းနှင့် လုံခြုံစိတ်ချရမှု မပြည့်စုံသော လမ်းအခြေအနေများကြောင့်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လည်း အခြား အဖွဲ့အစည်းများနှင့် အမြန်လမ်းမကြီးပေါ်တွင် ဘေး ကင်းလုံခြုံရေး စီမံကိန်းများ၊ အ ထောက်အပံ့ ကူညီပေးခြင်းများ နှင့် မတော်တဆထိခိုက်မှုများ ဖြစ်ပေါ်ပါက ကျန်းမာရေးနည်း လမ်းများနှင့်အညီ ရှေးဦးပြုစုခြင်း လုပ်ငန်းကို အချိန်မီဆောင်ရွက် နိုင်ရန် အပြည့်အ၀ကူညီထောက် ပံ့မှုများ ပေးမည်ဖြစ်ကြောင်း သ တင်းထုတ်ပြန်ထားသည်။

No comments:
Post a Comment