ဒလမြို့နယ် ကျန်စစ် သားရပ်ကွက်အတွင်းရှိ နာရေး အိမ်တွင်
ဖဲလိမ်ရိုက်သောကိစ္စဖြင့် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်စဉ်
ဝင်ရောက်ဖျန်ဖြေသည့် အမျိုးသား ဓားထိုးခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိ
သည်။
ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက် ယောမင်းကြီးလမ်းအ တွင်း သြဂုတ် ၁၄ ရက် ည ၉ နာရီ ခွဲခန့်က နာရေးအိမ်တစ်အိမ်တွင် အသက်(၃၂)နှစ်အရွယ် ၀င်းကျော်လင်းနှင့် အမျိုးသားတစ်ဦး ဖဲလိမ်ရိုက်သည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း ဒလမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။
အမျိုးသားနှစ်ဦး စကားများရန်ဖြစ်နေစဉ် ယောမင်းကြီးလမ်းအတွင်း နေထိုင်သည့် အသက်(၂၈)နှစ်အရွယ် ဇော်နိုင်ဦးဆိုသူက ၀င်ရောက်ဖျန်ဖြေရာမှ ဓားဖြင့် လည်ပင်းကို ထိုးခံရကြောင်း ရဲအရာရှိကပြောသည်။
‘‘သေသွားတဲ့ ကောင်လေး က နာရေးအိမ်ရဲ့အိမ်နီးနားချင်း ပါ။ အဲဒီလမ်းထဲမှာပဲနေတာ။ထိုးသွားတဲ့သူကတော့ တခြားရပ်ကွက်က တရားခံကိုတော့ ညတွင်းချင်းမိထားပါတယ်’’ဟု ဒလမြို့မရဲစခန်းမှ ရဲအရာရှိကဆို သည်။
ဓားထိုးမှုကျူးလွန်ခဲ့သူသည် တပင်ရွှေထီးရပ်ကွက် ဗိုလ်တေဇ(၈)လမ်း၌ နေထိုင်သူဖြစ်ပြီး ဇော်နိုင်ဦး၏ ၀ဲဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
ဝင်းကျော်လင်းကို ဒလမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

No comments:
Post a Comment