ကမ္ဘာ့စက်သုံးဆီဈေးကွက်နှင့်
ချိတ်ဆက်လျက်ရှိသော ပြည်တွင်းစက်သုံးဆီ လက်ကားဈေးကွက်မှာ
ကမ္ဘာ့ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လက်ကားဈေးနှုန်းများလည်း
လိုက်ပါ မြင့်တက်ကြောင်း စက်သုံးဆီ လက်ကားဈေးကွက် အတွင်းမှ သိရသည်။
ဒီဇယ်တစ်ပီပါလျှင်
ကျပ် ၅၀၀၀ ခန့်နှင့် အောက်တိန်း တစ်လီတာလျှင် ၃၀ ကျပ်ခန့် မြင့်တက်ပြီး
ကမ္ဘာ့ဈေးနှုန်းမှာလည်း အမျိုးအစားအလိုက် တစ်စည်လျှင် သုံးဒေါ်လာခန့်
မြင့်တက်ကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိ
စက်သုံးဆီ လက်ကားဈေးကွက်အတွင်း ဒီဇယ်တစ်ပီပါလျှင် ယခင်က ကျပ် ၁၀၂,၀၀၀ မှ
၁၀၇,၀၀၀ ခန့်သို့လည်းကောင်း၊ အဆင့်မြင့်ဒီဇယ် တစ်ပီပါလျှင် ကျပ်
၁၁၁,၀၀၀။၁၁၂,၀၀၀ မှ ကျပ် ၁၁၆,၀၀၀။၁၁၇,၀၀၀ သို့ လည်းကောင်း၊ အောက်တိန်း ၉၂
တစ်လီတာလျှင် ၄၃၅ ကျပ်မှ ၄၆၅ ကျပ်သို့လည်းကောင်း ဈေးနှုန်းများ
မြင့်တက်လျက်ရှိပြီး လက်လီဈေးကွက်အတွင်းတွင် ဒီဇယ် တစ်လီတာလျှင် ၅၃၀ ကျပ်၊
အဆင့်မြင့် ဒီဇယ်တစ်လီတာလျှင် ၅၇၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီ တာလျှင် ၅၃၀
ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာ လျှင် ၆၂၀ ကျပ် ဈေးရှိကြောင်း
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းထံမှ သိရသည်။
ကမ္ဘာ့ဈေးနှုန်းများမှာ
အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၀၈၊ အောက်တိန်း ၉၅
တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၉၁၊ ဒီဇယ်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၅
ဒသမ ၄၇ နှင့် အဆင့်မြင့်ဒီဇယ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၅၄
ဈေးရှိကြောင်း အဆိုပါအသင်းထံမှ သိရသည်။
No comments:
Post a Comment