ပုသိမ်၊ သြဂုတ်လ ၁၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း
မြစ်ရေလျှံ နစ်မြုပ်မှုကြောင့် အခြေခံပညာ ကျောင်း ၁၄၈၅ ကျောင်
ပိတ်ထားသည့်အနက် ကျောင်းပေါင်း ၅၃၅ ကျောင်း ပြန်လည် ဖွင့်လှစ်၍
ပညာသင်ကြားရေး လုပ်ငန်းများကို ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း
ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၏ သြဂုတ် ၁၇
ရက် စာရင်း မှတ်တမ်းများအရ သိရသည်။
“သြဂုတ် ၁၇ ရက်
အခြေအနေအရ ကျောင်းပိတ်ထားတာ ပုသိမ်ခရိုင်က အများဆုံး ဖြစ်ပြီး
ကျောင်းပြန်ဖွင့် နေနိုင်တာကတော့ ဟင်္သာတခရိုင်က အများဆုံး ပြန်ဖွင့်နေပါပြီ။
နေရာဒေသ အနေအထားအရ ကျောင်းပြန်ဖွင့်နိုင်တဲ့ အခြေအနေ၊ နေ့ရက်တွေ မတူပါဘူး။
ဒါကြောင့် တစ်တိုင်းလုံး အနေနဲ့ ကျောင်းပြန်ဖွင့်မယ့်ရက်ကို သတ်မှတ်လို့
မရပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး
စီမံရေးရာဌာန ညွှန်ကြားရေးမှူး ဦးအမ်ဘလို့စ်က The Voice သို့ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး
ပညာရေးဌာန၏ အစီအစဉ်ဖြင့် ကျောင်းသား တစ်ဦးလျှင် ဗလာစာအုပ်
လေးအုပ်နှုန်းဖြင့် ပုသိမ်ခရိုင်အတွက် ဒါဇင် ၁၃၄၀၀၊ ဟင်္သာတခရိုင်အတွက် ဒါဇင်
၉၀၀၀ ၊ မအူပင်ခရိုင်အတွက် ဒါဇင် ၈၁၀၀၊ မြောင်းမြခရိုင်အတွက် ဒါဇင် ၁၀၀၀
တို့ကို ထောက်ပံ့ ပေးအပ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
၂၀၁၆-၂၀၁၇
ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ အထက်တန်းကျောင်း ၄၇၅ ကျောင်း၊
အလယ်တန်းကျောင်း ၁၅၇၃ ကျောင်းနှင့် မူလတန်း ၄၈၈ ကျောင်းရှိကာ စုစုပေါင်း
အခြေခံပညာကျောင်း ၆၉၂၈ ကျောင်း ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာ
ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။
No comments:
Post a Comment