Tuesday, August 16, 2016

"ကလေးနှစ်ယောက်ကိုသတ်ပြီး အလောင်းဝှက်ထားတဲ့ မိခင်"

"ကလေးနှစ်ယောက်ကိုသတ်ပြီး အလောင်းဝှက်ထားတဲ့ မိခင်"
ကလေးနှစ်ယောက်ရဲ့ အလောင်းတွေကို အိမ်နီးချင်း တစ်ယောက်ရဲ့ နေအိမ်အောက်မှာ ဝှက်ထားတဲ့ မိခင်တစ်ယောက်ကို အမေရိကန် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ တက္ကဆက်စ်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ရှီဘိုရာ သောမတ်စ်ဟာ အသက် ၇ နှစ်နဲ့ ၅ နှစ်အရွယ် လူမမယ် ကလေးနှစ်ယောက်ကို သတ်ဖြတ်ပြီး အလောင်းတွေကို ဖျောက်ဖျက်ထားခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဟူစတန်ရဲတပ်ဖွဲ့က သူ့ကို လူသတ်မှုနဲ့ ဖမ်းဆီးထားလိုက်ပါပြီ။

No comments: