Tuesday, August 16, 2016

"ကူးစက်ရောဂါဖြစ်ပွားနေတဲ့ နာဂဒေသကို အရေးပေါ်ကူညီဖို့ အစိုးရကိုတောင်းဆို"

"ကူးစက်ရောဂါဖြစ်ပွားနေတဲ့ နာဂဒေသကို အရေးပေါ်ကူညီဖို့ အစိုးရကိုတောင်းဆို"
နာဂဒေသမှာ ကူးစက်ရောဂါဖြစ်ပွားမှုအပေါ် အရေးပေါ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ဖို့ ၊ စားနပ်ရိက္ခာ နဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးဖို့ အပါအ၀င် ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့ အရပ်ဖက်
အဖွဲ့အစည်းတွေက ဒီကနေ့ Orchidဟိုတယ် မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
နာဂ မှာ ကူးစက်ရောဂါဖြစ်ပွားနေပြီး ဇွန်လကနေ သြဂုတ်လ ၁၂ရက်နေ့အထိ ဒီရောဂါကြောင့် လူ၄၀ကျော်
သေဆုံးခဲ့ပါပြီ။အရပ်ဖက်အဖွဲ့အစည်းတွေကတော့ လက်ရှိအခြေအနေကို သာမက ရောဂါထိန်းချုပ်နိုင်ချိန်မှာလဲ
ဒေသဖွံ့ဖြိုးရေးအတွက်ပါ အစိုးရက လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။

No comments: