ရန်ကုန်၊ သြဂုတ် ၂၂
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိနေခဲ့သည့် လေဖိအားနည်း ရပ်ဝန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွေ့လျားခဲ့ပြီဖြစ်သော်လည်း ယခု သီတင်းပတ်အတွင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြား သည်။
“လေဖိအားနည်း ဆဲလ်နှစ်ခု ကွဲသွားပြီး တစ်ခုက ဘင်္ဂလားဒေ့ရှ်နဲ့ တစ်ခုက ချင်းပေါ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ရွေ့သွားတယ်”ဟု ၎င်းကဆိုသည်။
ယင်းသို့ အပူပိုင်းမုန်တိုင်း ဒိုင်ယမ်မူ အကြွင်းအကျန် တိမ်တိုက် (လေဖိအားနည်းရပ်ဝန်း) အရှိန်ကြောင့် မုတ်သုံလေ အားကောင်းနေရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ မိုးသည်းထန်ခြင်းကြောင့် မြေပြိုခြင်းနှင့် ရေကြီးရေလျှံခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း ဒေါက်တာကျော်မိုးဦးက ပြောဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နောက်နှစ်ရက်အတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်း ချက်ထုတ်ပြန်သည်။
No comments:
Post a Comment