Posted: August 27, 2016
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်သုံးမြို့နယ်အတွက် သားဖွားဆရာမ ၅၇ ဦးကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သြဂုတ် ၃၁ ရက်တွင် စေလွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“၃၁ ရက်နေ့လေယာဉ်နဲ့ ခန္တီးကိုရောက်မယ်။ နာဂဒေသမှာ တာဝန်ထမ်းဆောင်မယ့် ဆရာမ ၅၇ ဦး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ပေးလိုက်တာပါ” ဟု လဟယ်မြို့ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကယ်က The Ladies သို့ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေရှီး၊လဟယ်၊ နန်းယွန်း မြို့နယ်များတွင် ဆရာမများ တာဝန် ထမ်းဆောင်မည့် မြို့နယ် ၊ ကျေးရွာများကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း ၍ စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
“လိုအပ်မှုကတော့ ရှိနေပါသေးတယ်။ ဒီ ၅၇ ယောက် ကတော့ ပဏာမ ဖြစ်မှာပေါ့ နာဂဒေသကို စေတနာပါပါနဲ့လာပေးဖို့လည်း ဖိတ်ခေါ်တယ်။ နောက်ပြီး သူတို့ကို ခြောက်လ တာဝန်ပေးတယ်ဆိုလည်း ခြောက်လ တိတိကျကျ ဌာနကနေပြီးတော့ စီမံခန့်ခွဲ တဲ့နေရာမှာလည်း တိတိကျကျ လုပ်ပေးဖို့ အဲ့ဒါဆိုလာတဲ့လူလဲ စိတ်ပျော်ပျော်နဲ့ ခြောက်လအပြည့်အ၀ တာဝန်ထမ်းဆောင်မယ်။ ခြောက်လပြည့်တာနဲ့ နောက်ထပ် ပြန်အစားထိုးလုပ်ပေးဖို့ လိုအပ်တာပေါ့။ မဟုတ်ရင် သွားရော့လဟယ် လွှတ်လိုက်ရင် လာတဲ့လူလည်း အရမ်းဂွကျတယ်။ လုပ်ရတာ အဆင်မပြေတော့ဘူး” ဟု ဦးကယ်ကပြောသည်။
ဇော်မင်းထွန်း
Photo - inter:
The Ladies News
No comments:
Post a Comment