Posted: August 27, 2016
လာမည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ)ကို တရားဝင် ဖျက်သိမ်းမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မထသဖျက်သိမ်းပြီးချိန်မှစ၍ ခရီး သည်တင်ယာဉ်များ စီမံအုပ်ချုပ်မှုကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကြီးကြပ်မည်ဖြစ်ပြီး ယာဉ်စည်းကမ်း ချိုးဖောက်ခြင်း များအပါအဝင် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါက ယာဉ်လိုင်းအဖြစ်မှ ချက်ချင်းဖယ်ရှားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် ခရီးသည်တင် ယာဉ်လိုင်း အများပိုင်ကုမ္ပဏီများ လျှောက်ထားခြင်းများကို သြဂုတ်လကုန်အထိသာ ခွင့်ပြုမည်ဖြစ်ကြောင်းဟု ဆိုသည်။
“အများပိုင်ဖွဲ့စည်းပြီးရင် လက်ရှိမထသမှာရှိတဲ့ ယာဉ်လုပ်သားတွေကို လစာစနစ်နဲ့ လက်မှတ်ရောင်းတဲ့ နေရာမျိုးမှာ ပြန်လည်ခန့်သွားမှာပါ” ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ (မထသ)မှ ယာဉ်လိုင်းအဖွဲ့အစည်းပေါင်း (၁၇)ဖွဲ့ ယာဉ်လိုင်းပေါင်း (၃၅၂)လိုင်း၊ ယာဉ်အစီးရေ (၇၄၇၃)စီးမှ နေ့စဉ် ယာဉ်အစီးရေ ထွက်ရှိကာ နေ့စဉ်ခရီးသည် ၅ ဒသ၁မ ၂ သန်း ကို သယ်ယူပို့ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။
ဝသန်
The Ladies News
No comments:
Post a Comment