Saturday, June 25, 2016

“လူ့အခွင့်အရေး အော်တိုင်းမကောင်း” ------ ------ ------ ------ ------

လူ့အခွင့်အရေးဆိုတာ အလွန်မွန်မြတ်တဲ့ စကားဖြစ်တယ်။ ဒါပေမဲ့ ဒီစကားလုံးကို လူကောင်းတွေကပင် သုံးတာမဟုတ်ဘဲ လူယုတ်မာတွေကပါ သုံးစွဲလာကြတဲ့အတွက် အင်မတန်မှ စိတ်ပျက်စရာအယုတ်တမာ စကားလုံးတလုံး ဖြစ် သွားရတော့တယ်။ အထူးသဖြင့် ကမ္ဘာ့ယဉ်ကျေးမှုတိုင်းလိုလိုက မမှန်ကန်ဘူးလို့ သတ်မှတ်ထားတဲ့ ကိစ္စတွေကို ခွင့်လွှတ်ရမယ်။ ဒါလူ့အခွင့်အရေးဖြစ်တယ်လို့ ပြောဆိုတောင်းဆိုလာကြတဲ့အခါ အလွန်တရာ စိတ်ပျက်စိတ်ညစ်ကြရတော့တယ်။ ဥပမာ အနောက်နိုင်ငံမှာ ယောကျာ်းကြီးတွေက ၅ နှစ်က ၁၀ နှစ်အထိ ယောကျာ်းကလေးတွေနဲ့ ကာမစပ် ယှက်မှုလုပ်တာကိုကာကွယ်တဲ့ Men Love boys လို အသင်းကြီးတွေက သူတို့ အသင်းတည်ထောင်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းဖော်ပြရာမှာ ဒါလူ့အခွင့်အရေးပါလို့ တင်ပြထားကြပါတယ်။

ဒီတော့ နောက်ဆုံးမှာ လူ့အခွင့်အရေးစကားကို တဖွဖွရွတ်လာရင်၊ မဟုတ်တာတခုကို လုပ်နေပြီလို့ မှတ်ချက်ချရတော့မလောက်အထိ ဖြစ်လာနေတော့တယ်။
လိင်တူချင်းကာမဆက်ဆံလိုသူတွေ၊ ကလေးငယ်တွေနဲ့ ကာမဆက်ဆံလိုသူတွေ၊ ဆွေမျိုးတော်စပ်သူချင်း ကာမဆက်ဆံလိုသူတွေ ဒီလူတွေပေးမယ့် အကြောင်းပြချက်တွေထဲမှာ ထိပ်ဆုံးကပါမှာကတော့ လူ့အခွင့်အရေးပါပဲ။

ကာမကိစ္စတင်မဟုတ်ပါဘူး။ အခြားဒုစရိုက်မျိုးစုံမှာလည်း လူ့အခွင့်အရေးကို အသုံးပြုနိုင်ကြပါတယ်။ တောအရက်ချက်ရောင်းတဲ့သူကလည်း သူ့လုပ်ငန်းဟာ လူ့အခွင့်အရေးလို့ ပြောမယ်။ ဘိန်းမည်း၊ ဘိန်းဖြူ ရောင်းသူတွေကလည်း ဒါလူ့အခွင့်အရေးလို့ ပြောပါလိမ့်မယ်။ ဆင်းရဲနွမ်းပါးတဲ့ မိန်းကလေးတွေရဲ့ ကိုယ်ကာယနဲ့ရင်းနှီးပြီး ပိုက်ဆံရှာစားနေတဲ့လူကလည်း မိမိလုပ်ငန်းဟာ မိမိရဲ့လူ့အခွင့်အရေးပါလို့ ပြောမှာပါပဲ။ အခုတခါ (ကျွန်တော်မှတ်မိသလောက် နှစ်ခါကျော်ပါပြီ) ဗမာတွေက တိုင်းရင်းသားရိုဟင်ဂျာတွေကို လူ့အခွင့်အရေးမပေးဘူး။ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့တောင် ငြင်းဆိုနေတယ်။ နှိပ်စက်နေတယ်။ စသဖြင့် အမေရိကန်တွေက အော်နေပြန်ပြီ။ ဗမာပြည်မှာ ရိုဟင်ဂျာမရှိဘူးဆိုတာကို ဗမာအစိုးရ တင်မက ဗမာပြည်သူအားလုံးကပါ တညီတညွတ်ရပ်တည်ကြေညာနေတာပါ။ ဒါကိုပဲအမေရိကန်ဆိုတဲ့သူတွေက ငါ့စကားနွားရ ရိုဟင်ဂျာတွေကို ဗမာတွေကနှိပ်စက်နေပါတယ်။ မျိုးဖြုတ်သတ်ဖြတ်ရေးလုပ်နေပါတယ်။ ဘာညာနဲ့ အခြောက်တိုက် ထပ်မံအော်ဟစ်နေကြတာဖြစ်တယ်။

အမေရိကန်ဆိုတာ ကမ္ဘာပေါ်မှာ ဒီမိုကရေစီအင်အားစုတွေရဲ့ တပ်ဦးက ရှေ့ဆောင်နေသူကြီးလို့ အများက မှတ်ယူကြရပါတယ်။ ဟုတ်သင့် သလောက်ဟုတ်ပါတယ်။ ဒါပေမဲ့ မမှားသော ရှေ့နေဆိုသလိုသူကလည်း စုံထောက်ကြီး ဦးစံရှားအဆိုအတိုင်းပါပဲ 'မှားတဲ့အခါလည်း မှားပေမပေါ့'။

ဗမာပြည်က ရိုဟင်ဂျာတွေအကြောင်းပြောရာမှာတော့ ဆရာကြီး အမေရိကန်လုံးဝမှားသွားပြီဖြစ်တယ်။ ဗမာပြည်မှာ ရိုဟင်ဂျာဆိုတာ ရှေးကလည်းမရှိ အခုလည်း မရှိပါဘူး။ ဗမာပြည်ထဲကို အရှေ့ဘက်က တရုတ် တွေ၊ အနောက်ဘက်က ကုလားတွေ နေ့စဉ်နဲ့အမျှလှိမ့်ဝင်နေတာဖြစ်ပေမယ့် ရိုဟင်ဂျာရယ်လို့တော့ သမိုင်းမှတ်တမ်းတွေထဲမှာလည်း မရှိ။ ပြည်သူတွေရဲ့ မှတ်ဥာဏ်ထဲမှာလည်း လစ်ဟင်းလို့နေခဲ့တယ်။ ပုဂံခေတ်ကတည်းက ဗမာပြည်ထဲ ရောက်နေကြတဲ့ ကုလားတွေ အင်္ဂလိပ်ခေတ် ရောက်တော့ လူဖြူတွေနဲ့အတူ ကျွန်တော်တို့ တိုင်းပြည်ထဲကို အလုံးအရင်းနဲ့ ၀င်ရောက်ခဲ့ကြ ပြန်တယ်။ ဒါပေမဲ့ကုလားမျိုးစုံထဲမှာ ရိုဟင်ဂျာလို့ တော့မပါခဲ့။ ရှိလည်းမရှိခဲ့။

ဗမာပြည်မှာ ကုလားမျိုးးစုံရှိသော်လည်း ရိုဟင်ဂျာရယ်လို့တော့မရှိတာကို ဗမာပြည်သူတွေ အားလုံးကလည်းအသိ ဗမာပြည်ကို အုပ်စိုးသွားတဲ့ အင်္ဂလိပ်မင်းတွေကလည်း အသိပင်ဖြစ်ပါတယ်။ ဗမာပြည်ကို အုပ်စိုးသွားတဲ့ အင်္ဂလိပ်မင်း တွေရဲ့ မှတ်တမ်းမှတ်ရာ စာစောင်တွေ (ွဖေ-နအအန) မှာလည်း ရိုဟင်ဂျာအမည်မတွေ့ရပါဘူး။ အဲဒီတော့ ရိုဟင်ဂျာဆိုတာ စောစောပိုင်းကတည်းက ဗမာပြည်ထဲရောက်နေခဲ့တဲ့ ကုလားမျိုးနွယ်စုတစုဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အခြေအမြစ်မရှိဘူး။ အဲဒါကြောင့် ဗမာတွေက တိုင်းရင်းသား လူမျိုးစုတစုဖြစ်တဲ့ ရိုဟင်ဂျာလူမျိုးစုကို အမျိုးပြုတ်အောင် ဖိနှိပ်ချုပ်ချယ်နှိပ်စက်နေတယ်ဆိုတာ ယုံတမ်းစကားသာဖြစ်တော့တယ်။

သူတို့ကတော့ ဗမာပြည်မှာ ရိုဟင်ဂျာလူမျိုးစုရယ်လို့ မရှိပါဘူးလို့ ကျွန်တော်တို့ပြောတာကို ဗမာတွေလိမ်တယ်လို့ ပြောကြပြန်တယ်။တတ်လည်းတတ်နိုင်တဲ့လူတွေ၊ ဗမာပြည်မှာ ရိုဟင်ဂျာဆိုတာမရှိပါဘူးလို့ ဗမာတွေ ပြောနေတာကိုက ဗမာတွေက တိုင်းရင်းသားလူမျိုးတွေအပေါ်မှာ ယုတ်မာရက်စက်တဲ့ လူမျိုးကြီးတမျိုးဖြစ်တယ်လို့ သူတို့က စွပ်စွဲတယ်။ ရှိနေတဲ့လူမျိုးတခုကို မရှိပါဘူးလို့ ပြောတာဟာ ဒီလူမျိုးကို မျိုးတုံးအောင် လုပ်နေတာနဲ့ အတူတူပဲလို့ သူတို့က ဆိုကြတယ်။

ဗမာပြည်မှာ ဗမာလူမျိုးအပြင် လူမျိုးတွေ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသဖြင့် စုံစုံညီညီနေထိုင်ကြတယ်။ သူတို့အပြင် ပြည်ပကလာနေကြတဲ့ ကုလားတွေ၊ တရုတ်တွေလည်း ရှိပါသေးတယ်။ ကုလားအမျိုးမျိုးထဲမှာ ပန်ချာ၊ ဟိန္ဒူ၊ တမိလ် စသဖြင့် ခွဲခြားရှိနေပေမဲ့ ရိုဟင်ဂျာလို့တော့ မပါဘူး။ ဗမာပြည်ရောက်ကုလားထဲမှာ ရိုဟင်ဂျာရယ်လို့ မရှိခဲ့ဘူး။
အဲဒီတော့ ကိုယ့်တိုင်းရင်းသား ရိုဟင်ဂျာတွေကို ဗမာတွေက လူ့အခွင့်အရေးမပေးတာ တော်တော်ရက်စက်တဲ့ ကိစ္စလို့ သူတို့စွပ်စွဲတာဟာ တော်တော်သဘာဝမကျတဲ့ အပြောအဆိုဖြစ်တယ်။ ထစ်ခနဲရှိလူ့အခွင့်အရေး၊ ထစ်ခနဲရှိ လူ့အခွင့်အရေးအော်ဖို့ အကျင့်ပါနေတဲ့ လူကြီးမင်းတွေရဲ့ ဖျောက်ဖျက်မရတဲ့ ၀ါသနာဆိုးတခုဖြစ်နေပြီ။

ကျွန်တော်တို့ တိုင်းပြည်မှာ ရိုဟင်ဂျာရယ်လို့ မရှိပါဘူးရယ်လို့ ကျွန်တော်တို့ပြောတာဟာ တကယ်မရှိလို့ ပြောတာဖြစ်တယ်။ အဲဒါကို ရှိပါတယ်လို့ တစွတ်ထိုးပြောနေတာဟာ ငါ့စကားနွားရ တမင်မျက်စိမှိတ် ပြောနေတာပဲဖြစ်တယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေကို နှိပ်စက်ကလူပြုနေပါတယ်၊ ရန်ရှာနေပါတယ်။ တိုင်းရင်းသားချင်းခွဲခြားအုပ်ချုပ်နေပါတယ်ဆိုလိုက်ပြန်တော့ ကမ်းကုန်အောင် မုသာဝါဒသုံးကာ ကျွန်တော်တို့ ဗမာတွေကို စော်ကားတာလို့ပဲ ဆိုရတော့မယ်။ ကုလားတွေဟာ ကျီးကန်းတွေနဲ့ တူတယ်။ ၀ိုင်းအာတတ်ကြတယ်။ ဗမာတွေက ရိုဟင်ဂျာတွေကို ဖိနှိပ်နေပါတယ်ဆိုတာကို သူတို့ရှိတတ်သမျှအင်အားကုန်ယူပြီး မီဒီယာမျိုးစုံကို သုံးကာ ၀ိုင်းအာကြတော့တာပဲ။

အဲဒီတော့ အကြောင်းမသိသူတွေကတော့ ဗမာတွေ တယ်ရက်စက် ပါလားလို့ တွေးမိစရာဖြစ်သွားတော့တယ်။ ချင့်ချင့်ချိန်ချိန်စဉ်းစားတတ်သူများကသာ သူတို့ကုလားတွေ တဆိတ်တအိတ်လုပ်တတ်တာကို သိနား လည်ကြမယ်။ အဲဒီထဲမှာ ကမ္ဘာ့ဒီမိုကရေစီအင်အားစုတွေရဲ့ ခေါင်းဆောင် အမေရိကန်တော့မပါဘူး။ သူက ကုလားပြောတာကိုယုံကာ ဗမာတွေက ရိုဟင်ဂျာတွေကို ဖိနှိပ်နေတယ်လို့ပဲ အော်နေတော့တယ်။ ဗမာတွေဟာ တိုင်းရင်းသား ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်။ မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မခံစားကြရဘူးလို့ လုပ်နေတော့တယ်။

အမေရိကန်ဟာ နိုင်ငံတကာရေးရာတွေမှာ တော်တော့ကို အမြင် မှားတွေ မြင်တတ်၊ ဆုံးဖြတ်ချက်မှားတွေ ချတတ်တယ်။ အခု ဗမာနဲ့ ရိုဟင်ဂျာကိစ္စကိုကြည့်လေ။ ရိုဟင်ဂျာဆိုတာ မရှိမှ မရှိပါပဲနဲ့ ဗမာတွေက မိမိတို့ တိုင်းရင်းသားရိုဟင်ဂျာကို လူ့အခွင့်အရေးမပေးဘဲ ထားနေတယ်လို့ သူပြောတာဟာ ရယ်စရာကြီးဖြစ်နေတယ်။

မောင်သာနိုး

No comments: