Saturday, June 25, 2016

မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းလုပ်သား(၄၁)ဦး ဖမ်းဆီးခံရ ==========================================

ထိုင်း- မြန်မာနယ်စပ်ဒေသဖြစ်တဲ့ မဲဆောက်မြို့မှာ ဇွန်လ (၂၅) ရက်က တရားမ၀င်နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား (၄၁) ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းစစ်တပ်၊ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ နယ်စပ်ရေးရာ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မဲဆောက်မြို့အတွင်း မြန်မာလူမျိုးတွေအများဆုံးရှိတဲ့ ရပ်ကွက်တွေမှာ လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီရပ်ကွက်တွေမှာ
မြန်မာလူမျိုး (၁၂၈) ဦးခန့်ရှိပြီး ဖမ်းဆီးရမိသူတွေကို မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်မှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဇွန်လ (၂၄) ရက်ကလည်း ဖုန့်ဖရာ့ ခရိုင်က ရပ်ကွက်တွေကို ၀င်ရောက်ရှာဖွေခဲ့ရာ တရားမ၀င် မြန်မာလုပ်သားပေါင်း (၁၁၀) နဲ့ ထိုင်းနိုင်ငံသား (၄) ဦးတို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား (၁၁၀) ခန့်ဟာ အဲဒီဒေသမှာနေထိုင်တဲ့
မြန်မာနိုင်ငံသား(၃၀၀)ထဲက ဖြစ်ပြီး ထိုင်းနိုင်ငံသား (၄) ဦးကိုတော့ တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေကို နေစရာနေရာထောက်ပံ့ပေးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သားဦးရေဟာ(၁ဒသမ၄) သန်းလောက်ရှိပြီး တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေနဲ့ပါဆိုရင် လူဦးရေ (၂)သန်းလောက် ထိရှိတယ်လို့ ဒေသခံအရာရှိတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဓာတ်ပုံ- AEC

No comments: