မော်လမြိုင်ဈေးများတွင် ဆိုင်ကယ်ရပ်နားခ ပိုမိုကောက်ခံမှု၌ ပေးသူ တွင် လည်း အပြစ်ရှိဟု မွန်ဝန်ကြီးချုပ်ပြောကြား
Friday, June 3, 2016
မွန်ပြည်နယ် မော်လ မြိုင်မြို့ရှိ မြိုင်ရတနာနှစ်ထပ်ဈေး၊ မြိုင်ရတနာလေးထပ် ဈေး၊ အမှတ် (၁)ဈေးကြီးနှင့် သံလွင်ဈေးတို့တွင် ဆိုင်ကယ်ဝင်ကြေးများကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သတ် မှတ်ထားသည့်နှုန်းထားထက် ပိုမို ကောက်ခံမှုတွင် ပေးသူ၌လည်း အပြစ်ရှိကြောင်း မွန်ပြည်နယ်ဝန် ကြီးချုပ်က ပြောကြားသည်။
အဆိုပါ ဈေးများတွင်ဆိုင် ကယ်ဝင်ကြေးများကို မြို့နယ်စည် ပင်သာယာရေး အဖွဲ့က ဆိုင်ကယ် တစ်စီးလျှင် ကျပ်တစ်ရာသာ သတ်မှတ်ထားသော်လည်း လက်ရှိအထိထိုဈေးများတွင် ဆိုင်ကယ်တစ်စီး လျှင် ကျပ်နှစ်ရာကောက်ခံမှု များရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသည့် ဆိုင်ကယ်စီးသူအချို့က ပြောသည်။
‘‘ဒီကောက်ခံမှုမှာ ယူသူရှိရင် ပေးသူမှာလည်း အပြစ်ရှိတယ်။ ပေးတဲ့လူက မပေး နဲ့ပေါ့။ အခု ကျွန်တော်သိပြီ။ ဒီကိစ္စကို ဖြေရှင်း ပေးမယ်။ ယူသူမှာ တောင် မဟုတ် ဘူး။ ပေးတဲ့သူမှာပါတာဝန်ရှိ တယ်’’ဟု မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦးက ပြောသည်။
ထိုဈေးများတွင် ယာဉ်ရပ်နား ခ ကောက်ခံမှုများကို မြို့နယ်စည် ပင် သာယာရေး အဖွဲ့က တိုက်ရိုက် တာဝန်ယူထားခြင်းဖြစ်သည်။
‘‘လာတဲ့သူတွေက သူ့ဆိုင် ကယ်အခိုးခံရမှာကြောက်လို့ မုန့် ဖိုးသဘောနဲ့ ပေးခဲ့တာဖြစ်မယ်။ ကျွန်တော်တို့ သတ်မှတ်ထားတာ တစ်စီးကိုတစ်ရာပဲ’’ဟု မွန်ပြည် နယ် စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။
ယင်းဈေးများတွင် ဆိုင်ကယ်၊စက်ဘီးနှင့် ဆိုက်ကား တစ်စီးလျှင် ရပ်နားခ ကျပ်တစ်ရာ၊ ကားငယ် တစ်စီးလျှင် ကျပ်နှစ်ရာ၊ ကားလတ် တစ်စီးလျှင် ကျပ်သုံးရာ၊ ကားကြီးတစ်စီးလျှင် ကျပ်ငါးရာ ကောက်ခံရန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့က သတ်မှတ်ထားပြီး အပ်နှံထားသည့် ယာဉ်များ ပျောက် ဆုံးမှု မရှိရန် တာဝန်ယူပေးကြောင်း မော်လမြိုင်မြို့နယ် စည်ပင် သာယာရေး အဖွဲ့က ထုတ်ပြန်ထားသည်။
‘‘ကျွန်တော်ဆို ဆိုင်ကယ်ရပ်နားခ ဖြတ်ပိုင်းတောင်းတယ်။ တစ်ခါမှ မပေး ဘူး။ သူတို့က နှစ် ရာပေးရတာ နားမလည်ဘူးလား ဆိုပြီး ကျွန်တော် ပြောခံ ထိသေး တယ်။ ပိုက်ဆံ နှစ်ရာကောက် တာ အခုချိန်ဆိုရင် ၂နှစ်လောက် ရှိနေပြီ’’ဟု မြိုင်ရတနာနှစ်ထပ်ဈေးတွင်ဈေးသည်တစ်ဦးက ပြောကြားသည်။
7Day Daily
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, June 3, 2016
မော်လမြိုင်ဈေးများတွင် ဆိုင်ကယ်ရပ်နားခ ပိုမိုကောက်ခံမှု၌ ပေးသူ တွင် လည်း အပြစ်ရှိဟု မွန်ဝန်ကြီးချုပ်ပြောကြား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment