ရန်ကုန်၊ဇွန် ၂၅
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ လက်ထောက်ညွှန်ကြားရေးမှုး အဆင့်ရှိ အရာရှိ ၃၃ ဦးကို ဌာနတွင်း အပြောင်းအရွှေ့ ပြုလုပ်ကြောင်း ယင်းဝန်ကြီးဌာနက ဇွန်လ ၂၂ ရက်နေ့ တွင် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ လက်ထောက်ညွှန်ကြားရေးမှူး (စီမံခန့်ခွဲရေးအဆင့်-၄) အရာရှိများကို တိုင်းဒေသကြီး၊ ပြည်နယ်ခရိုင်ရုံးများသို့ အပြောင်းအရွှေ့တာဝန်ပေးခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ ပြောင်းရွှေ့မှုများ ပြုလုပ်ရာတွင် မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးမှူးများလည်း ပါဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှသိရသည်။
ပြောင်းရွှေ့မှုများအနက် ယခင် အစိုးရလက်ထက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများကို ကိုင်တွယ်ခဲ့ရသည့် ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးကျော်သောင်း လည်း ပါဝင်လျက်ရှိသည်။
၎င်းကို မူလတာဝန်ထမ်းဆောင်နေသော ဆားလင်းကြီးမြို့နယ်မှ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်ကြောင်း ဖော်ပြထားသည်။
လစ်လပ်သွားသောဆားလင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးနေရာသို့ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် တွင် တာဝန်ထမ်းဆောင်နေသူ ဦးအောင်မြင့်ထွန်းကို ခန့်အပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှသိရသည်။
“အခုအပြောင်းအရွှေ့က တိုင်းဒေသကြီး၊ ပြည်နယ်ရုံးတွေမှာတာဝန်ထမ်းဆောင်ရတာပါတယ်။ ထို့အတူ အထွေထွေအုပ်ချုပ်ရေးမှုးတာဝန်နဲ့လည်း ပြောင်းရွှေ့ရတာလည်း ပါတယ်” ဟု တာချီလိတ်မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှုးဦးတင်ဝင်းဆွေကရှင်းပြသည်။
ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့်သူများသည် တာဝန်ကျရာ ဒေသများသို့(၂၁)ရက်အတွင်း အမြန်ဆုံးပြောင်းရွှေ့ရမည်ဖြစ်ကာ ထိုသို့ပြောင်းရွှေ့ခြင်းပြု့လုပ်ရာတွင် ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့ အထွေထွေအုပ်ချုပ်ရေးမှူးများ ပါဝင်ခြင်းမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, June 26, 2016
ပြည်ထဲရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ၃၀ ကျော်ကို အပြောင်းအရွှေ့ ပြုလုပ် ---------------------------------------------------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment