Friday, June 3, 2016

ထောက်ခံချက်မလိုသည့် ကုန်ပစ္စည်းများနှင့် ချုပ်ထည်များ ဇွန်လ ၁ ရက် ကစ၍ အွန်လိုင်းတွင် လိုင်စင်လျှောက်နိုင်

ထောက်ခံချက်မလိုသည့် ကုန်ပစ္စည်းများနှင့် ချုပ်ထည်များ ဇွန်လ ၁ ရက် ကစ၍ အွန်လိုင်းတွင် လိုင်စင်လျှောက်နိုင်
Friday, June 3, 2016

အွန်လိုင်းမှ အပြည့်အဝ လိုင်စင် လျှောက်ထားနိုင်သည့် စနစ် (Fully Online Licensing System) ဖြင့် ထောက်ခံချက်မလို သည့် ကုန်ပစ္စည်းများနှင့် လက်ခ စား(CMP)အထည်ချုပ်ပစ္စည်းများ ဇွန်လ ၁ ရက်မှစ၍ လျှောက် ထားနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

အွန်လိုင်းမှ လိုင်စင်လျှောက် ထားသည့် စနစ်ကို ၂၀၀၄ ကစပြီး Myanmar Tradenet Website မှ လျှောက်ထားခွင့်ပြုခဲ့သည်။အွန်လိုင်းစနစ်ဖြင့် လိုင်စင် လျှောက်ထားမည့် သူများသည် www.myanmartradenet.com တွင် အသုံးပြုနိုင်သည့် အွန်လိုင်း အကောင့်ရှိရမည်ဖြစ်ပြီး ယင်း ဝက်ဘ်ဆိုက်၌ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ထားရမည်ဖြစ်သည်။

အဆိုပါ ဝက်ဘ်ဆိုက်တွင် လျှောက်ထားမည့် လိုင်စင်အမျိုး အစားကို ရွေးချယ်ကာ ကုန် ပစ္စည်းအမျိုးအစား၊ ကုန်ပစ္စည်း နှင့် သက်ဆိုင်သည့် ထောက်ခံ ချက်များနှင့် ကုမ္ပဏီ၏အချက်အ လက်များ ထည့်သွင်းရေးသားရ မည်ဖြစ်သည်။

လိုင်စင်လျှောက်ထားခြင်း အတွက် ငွေပေးချေခြင်းများကို e-payment စနစ်အသုံးပြုကာ မြန်မာ့စီးပွားရေးဘဏ်တွင် ပေး ချေနိုင်ပြီး အကောက်ခွန် ရှင်းလင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ပါက အွန်လိုင်းလိုင်စင်အသုံးပြု နိုင်ကြောင်း စီးကူးဝန်ကြီးဌာန ညွှန် ကြားရေးမှူးက ပြောသည်။

7Day Daily


No comments: