Tuesday, December 8, 2015

RCSS/SSA နှင့် PSLF/TNLA တို့အကြား စစ်ရေးပဋိပက္ခကြောင့် ဒေသခံ ၂၃ ဦး ပျောက်ဆုံးနေ

RCSS/SSA နှင့် PSLF/TNLA တို့အကြား စစ်ရေးပဋိပက္ခကြောင့် ဒေသခံ ၂၃ ဦး ပျောက်ဆုံးနေ

သျှမ်းသံတော်ဆင့်
ဒီဇင်ဘာလ ၇ ရက်၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်း လွှတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ကြား နယ်မြေ အငြင်းပွားမှု ပြသနာကြောင့် ကျေးရွာလူထု ၂၃ ဦး ဖမ်းဆီး ထိမ်းသိမ်းခံထားရသည်ဟု နမ့်ခမ်းမြို့ခံများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ နှင့် လူမှုညီညွှတ်ရေးအသင်းတို့ ပူးေ ပါင်းပြီး ဒီဇင်ဘာလ (၆) ရက်နေ့ရက်စွဲဖြင့် ပူးတွဲ ထုတ်ပြန်ကြေငြာချက် တစ်ေ စာင်ထုတ်ပြန်ရာ - နိုဝင်ဘာ ၂၇ ရက်နေ့မှစ၍ နမ့်ခမ်းမြို့နယ် မိုင်းဝီး နှင့် ဟိုပန်ကျေးရွာအုပ်စု အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ နှင့် တအာင်းလွှတ် မြောက်ရေးတပ်မတော် PSLF/TNLA တို့ထိတွေ့ တိုက် ပွဲဖြစ်ပွားစဉ်က PSLF/TNLA တပ်ဖွဲ့ မှ ဖမ်း ဆီး ထားသော အပြစ်မဲ့ပြည် သူ(၂၃) ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

ပူးတွဲကြေငြာချက်ထုတ်ပြန်ရခြင်းအကြောင်းမှာ  PSLF/TNLA ဘက်မှဖမ်း ဆီးထားသောသူများမှာ RCSS/SSA နှင့် မပတ်သက်သော အပြစ်မဲ့ပြည် သူများသာဖြစ်ကြောင်း၊ မတရားသဖြင့်ဖမ်းဆီးခံရ ကြောင်း မိုင်းဝီးဒေသ ခံများက နမ်ခမ်းမြို့ရှိ SNDP နှင့် လူမှုညီညွှတ်ရေးအသင်း အဖွဲ့ထံတိုင်ကြား ထားသဖြင့် ပူးတွဲကြေငြာချက်ကိုထုတ်ပြန်ရပါသည်ဟု UP လူမှုညီ ညွှတ်ေ ရးအသင်း အလုပ် အမှုဆောင် အဖွဲ့ဝင် စိုင်းမောက်ဆိုင် ကဆိုသည်။

“RCSS/SSA အဖွဲ့သည် သျှမ်းစစ်သားဖြစ်သလို PSLF/TNLA သည်လည်း တအာင်းစစ်သားဖြစ်ပြီး သျှမ်း ပြည်နယ်အတွင်း အတူတကွ နေထိုင် လာကြသော တိုင်းရင်းသားအချင်းချင်း ဖြစ်ကြောင်း၊ အချင်းချင်း တိုက် ပွဲဖြစ်ေ န သည်ကိုလည်း မလိုလားကြောင်း၊ PSLF/TNLA ဘက်မှ ဖမ်းဆီး ထား သော ဒေသခံရွာသားကိုအမြန်ဆုံးလွှတ် ပေးစေလိုကြောင်း” - လူမှုညီ ညွှတ်ရေးအသင်းအလုပ် အမှုဆောင်အဖွဲ့ဝင် စိုင်းမောက်ဆိုင် က သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ကလည်း ဒီဇင်ဘာ ၆ ရက်နေ့ က အချက် ၅ ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်ရှင်းလင်းခဲ့သည်။

အမှတ် ၅ အချက် တွင် - တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA  နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA အကြားဖြစ်ပွားနေသည့် နှစ်ဘက် ထိေ တွ့ မှုတိုက်ပွဲများသည် အဖွဲ့အစည်းနှစ်ခု  အကြား လက်နက်ကိုင်ပဋိ ပက္ခ သာဖြစ်ကြောင်း၊ တအာင်းလူမျိုးနှင့်သျှမ်းလူမျိုးအကြား လူမျိုးရေး ပဋိပက္ခ မဟုတ်ကြောင်း ၊ ထို့အပြင် တအာင်းတပ်မတော် TNLA သည် လက်နက် ကိုင်ပဋိပက္ခ တိုက်ပွဲ များတွင် အပြစ်မဲ့ ဒေသခံ ပြည်သူလူထုအား ဖမ်းထိန်း သိမ်း ထားခြင်း ရိုက်နှက်နှိပ် စက်ခြင်း လုံးဝ မပြုရကြောင်း - ထုတ်ပြန်ေ ကြငြာ ထားသည်။

ဒီဇင်ဘာ ၅ ရက်နေ့ ရက်စွဲဖြင့် မိုင်းဝီးဒေသ အထင်ကရ ဆရာတော် ကြီး ဘဒ္ဒန္တ နန္ဒာစရိယ ဆရာတော် နှင့် တအာင်း ပလောင် စာပေ နှင့် ယဉ်ကျေးမှု မိုင်းဝီး၊ ကချင်စာပေ ယဉ်ကျေးမှု မိုင်းဝီး အပါဝင် တရုတ်၊ သျှမ်း၊ နှင့် ဒေသ ခံရပ်မိရပ်ဖများစုပေါင်းကာ ဖမ်းဆီးခံထားရသည့် မိုင်းဝီးရွာသား ၃ ဦး၊ ဟိုပင် ရွာသား ၉ ဦးအား လွှတ်ပေးရန် တအာင်းတပ်ဖွဲ့၏ အမှတ် ၄၇၈ တပ်ရင်း မှူးထံ လိပ်မူကာ အထူးမေတ္တာရပ်ခံစာ ပေးပို့ခဲ့ပါသေးသည်။

၂၀၁၅ နိုဝင်ဘာလ (၂၇) ရက်နေ့မှ စပြီး RCSS/SSA တပ်ရင်းအ မှတ် (၇၀၁) နှင့် PSLF/TNLA တအာင်း လွှတ်မြောက်ရေးတပ်မတော်တို့ နယ်မြေ အငြင်းပွားမှုကြောင့် တိုက်ပွဲစတင်ဖြစ်ပွားပြီး ယနေ့အထိစစ်ပြေးရှောင် ၂၆၀ ကျော်ရှိနေကြောင်း၊ ၄င်းတို့သည် မိုင်းဝီးကျေးရွာထဲ တွင်လာ ရောက်ခို လှုံနေကြရပြီး အရေးပေါ်အကူအညီများလဲ လိုအပ်နေကြောင်း  ဒေသခံ များထံမှ သိရသည်။

No comments: