ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ ဒေသအခေါ် အထက်ရှမ်းရွာမှ ရှမ်းလူမျိုးများအား KIA မှ လာရောက် ဖမ်းဆီးခေါ်ဆောင်
========================================
၂၀၁၅ ဒီဇင်ဘာ ၂ ရက်နေ့ KIA ရင်း (၃) လက်အောက်ခံ အင်အင်း (၅) ဦးခန့်သည် ယူနီဖောင်းများဝတ်ဆင်၍ လက်နက်ငယ်ကိုစီဖြင့် ၀ိုင်းမော်မြို့နယ် ဆဒုံးမြို့ ဒေသအခေါ် အထက် ရှမ်းရွာသို့ ရောက်ရှိလာပြီး ဦးအိုက်ဝါ (၇၃) နှစ်၊ ရှမ်း/ဗုဒ္ဓ၊ တောင်သူ၊ ရပ်ကွက် (၄)၊ အထက် ရှမ်းရွာ၊ ဆဒုံးမြို့နေသူအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားစဉ် ပထန်ကောင်ကျေးရွာသို့ရောက်ရှိပြီး ရွာအ၀င်တွင် ခေတ္တရပ်နားနေစဉ် ဦးအိုက်ဝါမှာ ထွက်ပြေးလာခဲ့ကြောင်းသိရှိရသည်။ ထို့နောက် KIA ၅ ဦးသည် ထွက်ပြေးသွားသော ဦးအိုက်ဝါ နေအိမ်သို့ ပြန်လည်ရှာဖွေရာ မတွေ့ရှိသဖြင့် နေအိမ်ရှိ ဦးအိုက်ဝါ၏ ချွေးမဖြစ်သူ ဒေါ်အတောင် (၃၁) နှစ်၊ ရှမ်း/ဗုဒ္ဓ၊ တောင်သူနှင့် ညီဝမ်းကွဲတော်စပ်သူ ဦးအားရုံ (၄၀) နှစ်၊ ရှမ်း/ဗုဒ္ဓ၊ တောင်သူတို့အား ၎င်းတို့စခန်းရှိရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း ဦးအိုက်ဝါ၏ အိမ်နီးချင်းများမှ ပြောကြားချက်အရ သိရှိရသည်။
ယခုနှစ်အတွင်း ရှမ်းလူမျိုးများအား KIA မှ လူသစ်ဆွဲခြင်း၊ ဆက်ကြေးတောင်းခံခြင်း၊ မူးယစ်ဆေးဝါးအကြောင်းပြ၍ ဖမ်းဆီးနှိပ်စက်ခြင်း၊ ဆက်ကြေးမပေးသောကြောင့် သတ်ဖြတ်ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသော ရှမ်းတိုင်းရင်းသားများအား လာရောက်ခြိမ်းခြောက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
ထိုကိစ္စများနှင့် ပက်သက်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကလည်း နိုင်ငံတစ်ကာ လူမှု့အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကမ္ဘာငြိမ်းချမ်းရေးဆိုင်ရာ အဖွဲ့အစည်းများသို့ စာပို့ထားပြီး ဖြစ်သည်။
By Voice Of Kachin
No comments:
Post a Comment