Saturday, December 5, 2015

တနိုင်းမြို့နှင့် အောင်ဘာပယင်းမှော်ကြား အပြစ်မဲ့ပြည်သူ (၃) ဦး KIA မိုင်းထိ =======================================

တနိုင်းမြို့နှင့် အောင်ဘာပယင်းမှော်ကြား အပြစ်မဲ့ပြည်သူ (၃) ဦး KIA မိုင်းထိ
=======================================

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အောင်ကျော်စိုး (၂၁) နှစ် ရခိုင်/ဗုဒ္ဓ၊ မောင်ဦးရှည် (၁၉) နှစ်၊ ရခိုင်/ဗုဒ္ဓ၊ နှင့် မောင်ညွှန့် (၂၉) နှစ်၊ ရခိုင်/ဗုဒ္ဓ၊ မုန်ဒိန်ရပ်ကွက် တနိုင်းမြို့၊ လိပ်စာတူ နေသူ (၃) ဦးတို့သည် အောင်ဘာပယင်းမှော်မှ တနိုင်းမြို့သို့အပြန် တနိုင်းမြို့၏ အနောက်တောင် ဘက် ၁၂ မိုင်ခန့်အကွာ KIA ထိန်းချုပ်နယ်မြေအတွင်း အရောက်တွင် နေ့လည် ၁၁ နာရီချိန်ခန့် KIA ထောင်ထားသော တိုက်မိုင်း (၁) လုံး တိုက်မိပေါက်ကွဲကာ ထိခိုက်ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ထိုပေါက်ကွဲမှုကြောင့် မောင်အောင်ကျော်စိုးတွင် ၀ဲဘက်လက်မောင်းနှင့် ချိုင်းအောက် တို့တွင် မိုင်းစများထိမှန် ဒဏ်ရာရရှိခဲ့သည်။ မောင်ဦးရှည်တွင် ယာဘက် ၀မ်းဗိုက်၊ ခြေထောက်၊ နဖူးတို့တွင် မိုင်းစများ ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။ မောင်ညွှန့်တွင်မူ နောက်ကျောပြင်၊ ၀ဲပေါင် နှင့် ခြေထောက်တို့တွင် မိုင်းစများ ထိမှန်ဒဏ်ရာရရှိခဲ့ကြကြောင်း ကြားသိရသည်။

၎င်းတို့ (၃) ဦးမှာ အခင်းဖြစ်ပွားရာနေရာမှ ဒဏ်ရာအား ဂရုမစိုက်နိုင်ပဲ KIA တပ်ဖွဲ့များ ရောက်လာမည်စိုး၍ တနိုင်းမြို့သို့ အမြန်ပြန်ပြေးလာခဲ့ကြပြီး ယခု တနိုင်းမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရှိရသည်။

တနိုင်းမြို့အနီးတွင် KIA တပ်စခန်းသစ်များ နေရာအနှံ့တိုးချဲ့ထားရှိနေပြီး ပယင်းမှော် လုပ်ကွက်များကိုလည်း ၎င်းတို့ ထိန်းချုပ်နယ်မြေများအား ဖြတ်သန်းသွားမှာသာ ရောက်ရှိသည်ဟု ပယင်းကျောက် တူးဖော်သူများထံမှ ကြားသိရသည်။ ထိုသို့ KIA နယ်မြေအတွင်း ဖြတ်သန်းခ မှော်ဝင်ခနှင့် ဖုန်းကိုင်ဆောင်ခွင့်၊ လစဉ်ဆက်ကြေး၊ ရိက္ခာ အစရှိသည်တို့ကို မပျက်မကွက် ပေးဆောင်ရကြောင်းနှင့် မကြာခဏဆိုသလို ယခုလို KIA မိုင်းများကိုလည်း နင်းမိနေကြကြောင်း အဆိုပါ ပယင်းမှော်လုပ်ငန်း လုပ်ကိုင်သူများမှ ပြောကြားထားသည်။

By Voice Of Kachin

No comments: