Wednesday, December 2, 2015

ကချင်ပြည်နယ်အတွင်းနေထိုင်သော ကချင်အပြင် အခြားတိုင်းရင်းသားများပါ KIA ထဲတွင် တာဝန် ထမ်းဆောင်ရန်အတွက် လူသစ်ဆွဲမည်ဟု ဆို ===================

ကချင်ပြည်နယ်အတွင်းနေထိုင်သော ကချင်အပြင် အခြားတိုင်းရင်းသားများပါ KIA ထဲတွင် တာဝန် ထမ်းဆောင်ရန်အတွက် လူသစ်ဆွဲမည်ဟု ဆို
=========================================
1, December, 2015 By Voice Of Kachin

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံးကို KIA ထဲသို့ ၀င်ရောက်၍ စစ်မှုထမ်းပြီး အစိုးရဆန့်ကျင်ရေး လုပ်ရမည်ဟု KIA ထိပ်တန်းခေါင်းဆောင်တစ်ဦးက ညွှန်ကြားချက် ထုတ်ပြန် ထားကြောင်း ကြားသိရပါသည်။

KIA လက်နက်ကိုင်အဖွဲ့သည် သောင်းကျန်းသူတို့၏ ဓလေ့စရိုက်များအား စွန့်လွှတ် နိုင်ခြင်း မရှိသေးပဲ လူသစ်ဆွဲ၊ ဆက်ကြေးကောက်၊ လူသတ် စသည့် အလုပ်များနှင့် တရားမ၀င် မှောင်ခိုလုပ်ငန်းပေါင်းစုံကို လုပ်ကိုင်နေဆဲဖြစ်သည်။

KIA မှ ရခိုင်သောင်းကျန်းသူ AA နှင့် ရှမ်းမြောက်ရှိ တအောင်းပလောင် TNLA တို့ကို ထောက်ပံ့မှုများပေး၍ ကျွေးမွေးထားကာ တရားမ၀င်မှောင်ခိုလုပ်ငန်းနှင့် နိုင်ငံရေး စီးပွားရေးအရ အမြတ်ထုတ်ရန် အမြဲကြံစည်လျှက်ရှိသည်။

ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားများအပြင် ရှမ်း၊ ရခိုင်၊ ချင်း၊ ဗမာ လူမျိုးများ ကိုပါ လိုအပ်ပါက KIA ထဲတွင် စစ်မှုထမ်းဆောင်စေရန်အတွက် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ရန် ဆန္ဒရှိနေကြောင်း KIA ထိပ်တန်းခေါင်းဆောင်တစ်ဦးမှ ထုတ်ဖော်ပြောကြားထား သည်ကို KIA လိုင်ဇာဌာနချုပ်မှ အလင်းဝင်လာသူများက ပြောကြားခဲ့သည်။

No comments: