ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံ
+++++++++++++++++++++++++++++++++++++++++++++++++++
အနာဂတ်မြန်မာ့ နိုင်ငံရေး နှင့် အမျိုးသား ရင်ကြားစေ့ရေး ကိစ္စ များ ခေါင်းဆောင် များ အကြား ပူးပေါင်းဆောင်ရွက် ရန် ဆွေးနွေး ခဲ့ဟု ဆို
+++++++++++++++++++++++++++++++++++++
နေပြည်တော် ၊ ဒီဇင်ဘာ ၅ ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ သည် ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီက တွေ့ဆုံခဲ့ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဒီမိုကရေစီတူဒေး သတင်းစာ သို့ အတည်ပြု ပြောကြားလိုက်သည် ။
အဆိုပါ တွေ့ဆုံမှုသည် နေပြည်တော်တွင် ရှိသည့်အငြိမ်းစား ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ၏ နေအိမ်တွင် တွေ့ ဆုံခဲ့ခြင်းဖြစ် သည်ဟုသိရသည်။
ယင်း နှင့် ပတ် သက်ပြီး ဒီမိုကရေစီ တူဒေး သတင်းစာမှ ဆက်သွယ်မေးမြန်း ရာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က
" ဟုတ်ပါတယ် တွေ့ပါတယ် ခင် ဗျ ၊ ဆွေးနွေးခဲ့တဲ့အကြောင်းအရာ အသေးစိတ်တော့ သိပ်မသိပါဘူး သို့သော်လည်းပဲ ၊ ဒေါ်အောင် ဆန်းစုကြည်ကတော့ အနာဂတ်မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ အတွက် တွေ့သင့်တွေ့ထိုက်တဲ့သူနဲ့ တွေ့ဖို့ ကြိုးစားခဲ့တဲ့ အချက်တွေ ထဲကနေ ကြိုးစားမှု တစ်ခုလို့ ပြောလို့ရတာပေါ့ ၊ အဓိက ကတော့ အမျိုးသား ရင်ကြားစေ့ရေး ဆိုတဲ့ ရည်မှန်းချက်လည်း မပျောက်ဘူး ၊ နောက်ပြီး တော့ ဒီ အနာဂတ် ဒီမိုကရေစီ နိုင်ငံထွန်းကားဖို့ ဆိုတဲ့ ရည် ရွယ်ချက် လည်း မပျောက် ဘူး အဲဒီရည်ရွယ်ချက်တွေနဲ့ သွားတွေ့တာ ဖြစ်ပါတယ်။အခုတော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ် " ဟု ပြောကြားသည်။
အနာဂတ် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရာတွင် ယခု တွေ့ဆုံမှု ၏ အကျိုး ရလာဒ်ကို ဒီမိုကရေစီတူဒေး သတင်းစာ က ဆက်လက် မေးမြန်း ရာတွင် ယင်းက " အခု ဟာက ဒီလိုလေ ..ကျွန်တော်တို့က ၁၉၈၈ ခုနှစ်က စပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စဖွဲ့ကတည်းက အဲဒီတုန်း ကတော့ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေ အတွင်းရေးမှူးပေါ့ ၊ သူ့ရဲ့ နိုင် ငံရေး လမ်းစဉ် ကို အဲဒီတုန်းကတည်းက ချထားတာက
ဒီ .. Dialogue ပေါ့ ၊ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ တောင်းဆိုချက် က အဲဒီက တည်းက တောင်းဆိုခဲ့တာ အခုမှအဲဒီ တွေ့ဆုံဆွေးနွေးရေး ရည်မှန်းချက် က အထိုက် အလျောက် အောင်မြင်တယ်လို့ ၊ ရည်မှန်းချက် ပြည့်ဝလာပြီ လို့ ပြော လို့ရပါတယ် " ဟု ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) တို့ တွေ့ဆုံ မှု သည် ယခုအကြိမ် သည် တတိယ အကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ယခင် အစိုးရ လက်ထက်က
၂ ကြိမ်တွေ့ ဆုံခဲ့ ကြောင်းသိရသည်။
ယခု တွေ့ဆုံခဲ့ခြင်းသည် အနာဂတ်မြန်မာနိုင်ငံရေး နှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် ခေါင်းဆောင် များအကြား ပူးပေါင်းဆောင် ရွက်ရေး စသည့် အချက်များကို ဆွေးနွေးခဲ့ကြသည် ဟု သိရသည်။
SMT(Pauk Taw)
#Democracytoday
Photo - EPA
No comments:
Post a Comment