နိုင်ငံတကာ ထိပ်တန်းစားသောက် ဆိုင်များ၊ နိုင်ငံတကာအဆင့်မီဖက်ရှင် အမျိုး အစားပေါင်း ၁၀၀ ကျော် ပါဝင် ကာ နိုင်ငံတကာ အဆင့်မီ ဈေး ဝယ်တွေ့ အကြုံများ ရရှိစေနိုင်မည့် မြန်မာပလာဇာဖွင့်ပြီ
+++++++++++++++++++++++++++++++++
ရန်ကုန်၊ ဒီဇင်ဘာ ၅- ဩစတြေး လျ နိုင်ငံမှ Gloria Jean's Coffee ၊ အ မေ ရိကန်နိုင်ငံမှ KFC ကဲ့သို့ နိုင်ငံ တကာ ထိပ်တန်း စားသောက် ဆိုင်များ၊ နိုင်ငံတကာအဆင့်မီ ဖက်ရှင်အမျိုးအ စားပေါင်း ၁၀ဝကျော်ပါ ဝင်ကာ နိုင်ငံ တကာ အဆင့်မီ ဈေးဝယ်တွေ့ အကြုံ များရရှိစေနိုင် မည့် မြန်မာပလာဇာ ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ဒီဇင်ဘာ ၅ ရက်ကဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
အဆိုပါပလာဇာငါးထပ်အတွင်း မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ် ထား သည့် နာမည်ကြီး Brand ဆိုင် များအပါအဝင် အဝတ် အထည် ဆိုင် ပေါင်း ၁၀ဝကျော်နှင့် စားသောက် ဆိုင်ပေါင်း ၃ဝကျော် ပါဝင်ကြောင်း သိရသည်။
အဆိုပါမြန်မာပလာဇာဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် ပလာဇာ အတွင်း ပျော် ပွဲရွှင်ပွဲများကို ဒီဇင်ဘာ တစ်လလုံးကျင်းပသွား မည်ဖြစ်ပြီး ဒီ ဇင်ဘာ ၂၅ ရက်မှ ၂ရရက်အတွင်း မိဘမဲ့ကလေးများအတွက် ရန်ပုံငွေ ပွဲများကို ထည့်သွင်းပြုလုပ် သွား မည် ဖြစ်ကြောင်း သိရသည်။
အင်းလျားကန်၏အလှကို ခံစား အပန်းဖြေနိုင်မည့် အမိုးပေါ်ဥယျာဉ် ၌လည်း စင်ကာပူနှင့် ဂျပန်စတိုင် ယမကာဘားနှစ်ခုကို လာရောက်ဖွင့် လှစ် မည်ဖြစ်ပြီး ယင်းမြန်မာပလာဇာ သည် ဗီယက်နမ်ထိပ်တန်းအိမ်ခြံမြေ လုပ်ငန်းစု ၏ အမေရိကန်ဒေါ်လာသန်း ၄၄ဝတန်ဖိုးရှိသော စီမံကိန်း၏ အစိတ် အပိုင်းတစ်ခုဖြစ်ပြီးကြောင်း သိရ သည်။
AK
#Democracytoday
Photo Caption - နိုင်ငံတကာ အဆင့်မီ ဈေး ဝယ်စင်တာ Myanmar Plaza ကိုမြင်တွေ့ရစဉ် ။ ဓာတ်ပုံ - ရဲနောင် (ဖယ်ခုံ)
No comments:
Post a Comment