Saturday, December 5, 2015

မုံရွာမြို့ ကျောက်တိုင်ကျွန်းတွင် အတွဲများထံ ညအချိန်၌ မိုက်ကြေးခွဲ ငွေတောင်းသူများရှိ ===============

မုံရွာမြို့ ကျောက်တိုင်ကျွန်းတွင် အတွဲများထံ ညအချိန်၌ မိုက်ကြေးခွဲ ငွေတောင်းသူများရှိ
===================================================
မုံရွာ၊ဒီဇင်ဘာ -၅

မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့်ပြည်ထောင်စုလမ်းမကြီးကြားရှိ ကန်သာယာ ကန် အတွင်း လွတ်လပ်ရေးကျောက်တိုင်ကျွန်းတွင် သမီးရည်းစားအတွဲများထံ ညအချိန်၌ မိုက်ကြေးခွဲ ငွေတောင်းခံသူများရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ လူငယ်စုံတွဲများက ပြောသည်။
" ကျောက်တိုင်ကျွန်းကမြို့နဲ့လည်း မဝေးဘူး ၊လူသွားလူလာလည်းရှိတယ်ဆိုပြီး သွားထိုင်စကားပြောနေတာပါ၊ည နဲနဲမှောင်လာတော့ဘယ်က လူတွေမှန်းလည်းမသိဘူး၊အရက်နံ့တွေလည်းထောင်းလို့၊
မင်းတို့ဒီမှာထိုင်ရင် ပိုက်ဆံပေးရမယ် မပေးရင် မထိုင်နဲ့ဆိုပြီးပြောတယ်၊ငါးယောက်လောက်တော့ရှိတယ် ဒါနဲ့ထပြန်လာရတာ၊တခြားအတွဲတွေလည်း ကျွန်းပေါ်မှာအများကြီးရှိတယ်၊သူတို့ကတစ်တွဲပြီးတစ်တွဲလိုက်တောင်းနေတာ" ဟု မုံရွာတက္ကသိုလ်သို့ အဝေးသင်လာရောက်နေသော နယ်ကျောင်းသား တစ်ဦးကပြောသည်။
ကျောက်တိုင်ကျွန်းတွင် ယာဉ်ရပ်နားခ ကောက်ခံနေသူတစ်ဦးမှ "အဘတို့က ဒီကန်သာယာကဘုရားအတွက်ရံပုံငွေ ကောက်တာပါ၊လာပြီးအပန်းဖြေတဲ့သူတွေဆီက ကောက်တာ၊ပေးကြပါတယ်၊ည (၆)နာရီကျော်ရင်တော့မကောက်တော့ဘူး၊တစ်ချို့အရက်သမားတွေက ဒီကလာထိုင်တဲ့သူတွေကိုပိုက်ဆံတောင်းတယ်လို့တော့သိထားတယ်

No comments: