“ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့”
ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သည် ဒီဇင်ဘာလ ၄ ရက် ကနေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြော ရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့် ကအတည်ပြုပြောကြားသည်။
“ တွေ့တယ်ဆိုတာ ဟုတ်တယ် ဘာဆွေးနွေးလဲဆိုတာတော့ ကျွန်တော်လည်း မပါသွားတဲ့အတွက် ဆွေးနွေးတဲ့ အချက် အလက်တွေကို မသိပါဘူး”ဟု ဦးဝင်းမြင့် ဒီဇင်ဘာလ ၅ ရက် ညနေပိုင်းက 7 Day Daily သတင်းစာကို ပြော သည်။
ဒီဇင်ဘာလ ၄ ရက် မွန်းလွဲပိုင်းက နေပြည်တော်တွင် ဦးသန်းရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြ ကြောင်း ယင်းနေ့ ညပိုင်းက သတင်းများထွက်ပေါ်လာခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများထံ7Dayက ဆက်သွယ်မေးမြန်းရာတွင် ၄င်းတို့မသိရှိကြကြောင်း ပြန်လည်ဖြေကြားခဲ့ကြပြီး၊ ယနေ့ညနေမှ အတည်ပြုဖြေကြားခြင်းဖြစ်သည်။
ပြီးခဲ့သော နိုဝင်ဘာ ၁၉ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ဦးသန်းရွှေ၏မြေးဖြစ်သူ ကိုနေရွှေသွေးအောင်(ဖိုးလပြည့်) ကို နေပြည်တော် ရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် လက်ခံတွေ့ဆုံခဲ့သည်။
(ပုံတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၀၃ခုနှစ်ကတွေ့ဆုံခဲ့စဉ်)
ဓာတ်ပုံ- AFP
No comments:
Post a Comment