Saturday, December 5, 2015

ထိုင်း ဆာလာပူရီမြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၇ ဦး သေနတ်ပစ်ခံရ --------- --------- --------

ထိုင်း ဆာလာပူရီမြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၇ ဦး သေနတ်ပစ်ခံရ
---------            ---------           --------

ထိုင်းနိင်ငံ ဆာလာပူရီမြို့၊ နောက်တိုး ၅ ရပ်ကွက်၊ ယူနစ်မိုးပျံရထားဆောက်လုပ်ရေး
လုပ်ငန်းမှ ရွှေ့ပြောင်း မြန်မာ အလုပ်သမား ၁၇ ဦးမှာ ဒီဇင်ဘာလ ၄ ရက်နေ့ ည ၁၁
နာရီဝန်းကျင် အချိန်က ပွဲကြည့်ရာမှအပြန်တွင် ထိုင်းနိုင်ငံသား လူငယ်တစ်စုက
သေနတ်ဖြင့်ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သား များထံမှ
သိရှိရသည်။

"မနေ့က ကျွန်တော်တို့က ပွဲကြည့်ပြန်လာပါတယ်။ နောက်ကနေ လူငယ်ရှစ်ယောက်
ရောက်လာပြီး သေနတ်နဲ့ စပစ် ပါတယ်။ ၁၇ယောက်စလုံး သေနတ်မှန်ပါတယ်။
လောလောဆယ်မှာတော့ သေနတ်ဒဏ်ရာ ဒဏ်ချက်တွေရထားသူ အဲဒီ ၁၇ ဦးကို
ဆေးရုံတင်ထားပါတယ်"ဟု မြန်မာလုပ်သား တစ်ဦးဖြစ်သည့် ကိုဖိုးသားက
ပြောသည်။

သေနတ်ပစ်ခတ်ခံရသည့် ရွှေ့ပြောင်းမြန်မာ ၁၇ ဦးကို ဆာလာပူရီဆေးရုံးတွင်
အတွင်းလူနာအဖြစ် တင်ထားရပြီး ၄င်းတို့မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်
မြို့နယ် မြောက်နုံးရွာ၊ ပေါက်ပန်းဖြူရွာ၊ ရင်ပေါင်တိုင်ရွာ၊ သပြေအေးရွာနှင့်
မိုးကောင်းရွာတို့မှ အလုပ်သွားရောက် လုပ်သူများဖြစ်ကြောင်း သိရှိရသည်။

"ဖြစ်စဉ်တွေအားလုံးကို သံရုံးက စုံစမ်းစစ်ဆေးနေပါတယ်။ ဖြစ်တဲ့နေရာကိုလည်း
အဖွဲ့အစည်း အားလုံးသွားပြီး ကယ်ဆယ်ရေးတွေ လုပ်နေကြပါပြီ။ လောလော
ဆယ်မှာ အတိအကျ ဘာမှမသိရသေးပါဘူး"ဟု ထိုင်းနိုင်ငံ သံရုံးမှ ရှေ့နေ
ဦးအောင်မျိုးသန့်က ပြောသည်။

အဆိုပါယူနစ်မိုးပျံရထား ဆောက်လုပ်ရေးလုပ်ငန်း၌ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀၀
ဝန်းကျင်ရှိကြောင်းကိုလည်း လုပ်သားများထံမှ သိရှိရသည်။

သတင်း - MMK
The Ladies News Journal

No comments: