Saturday, December 5, 2015

အစွန်းရောက်များကို မြေပြင်၊ ဝေဟင်နှင့် အွန်လိုင်း ပါမကျန် သုတ်သင်မည်ဟု ဟီလာရီကလင်တန် ပြော

အစွန်းရောက်များကို မြေပြင်၊ ဝေဟင်နှင့် အွန်လိုင်း ပါမကျန် သုတ်သင်မည်ဟု ဟီလာရီကလင်တန် ပြော

အေအက်ပီ
Fri, 12/04/2015

ဝါရှင်တန်၊ ဒီဇင်ဘာ ၄ ။ ။ အစ္စလမ္မစ် အစွန်းရောက်ဝါဒီများကို "မြေပြင် တစ်ခွင်၊ ဝေဟင်တစ်လွှားနှင့် အင်တာနက်အွန်လိုင်း" ပေါ်တွင်ပါ လိုက်လံတိုက်ခိုက်သွားရမည်ဟု ဟီလာရီကလင်တန်က ဒီဇင်ဘာ ၃ ရက်တွင် ကတိပြုပြောကြားလိုက်သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ၀င်စတန် ချာချီ၏ စစ်ချီ မိန့်ခွန်းပါအတိုင်း ဟီလာရီက ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ နိုင်ငံ၏ ကယ်လီဖိုးနီးယားပြည်နယ် တွင် အားလပ်ရက်ပါတီတစ်ခု၌ လူငယ်စုံတွဲ တစ်တွဲက လူပေါင်း ၁၄ ယောက်ကို တစ်ရပ်ကြမ်း ပစ်ခတ်သွားသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း ယခုကဲ့သို့ပြောကြား လိုက်ခြင်းလည်းဖြစ်သည်။

ဖြစ်စဉ်တွင် လူသတ်သမားများ၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ပြောဆိုရန် စောလွန်းနေသေးကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး တစ်ချိန်တည်းတွင် ယင်းလုပ်ရပ်မှာ အကြမ်းဖက်မှု နှင့် ဆက်နွယ်နေနိုင်သည်ဟု သမ္မတ အိုဘားမားက ပြောဆိုခဲ့သည်။

အမေရိကန်သည် အကြမ်းဖက် ဂျီဟတ် အစွန်းရောက်များကို တိုက်ခိုက်မှုတွင် ဦးဆောင်မည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေသူတစ်ဦးဖြစ်သည့် ဟီလာရီက နယူးဟမ့်ရှိုင်းယား ရှိ အလုပ်ရုံတစ်ခုရှိ ၀န်ထမ်းများကို မဲဆွယ်ဟောပြောရာတွင် ပြောကြားလိုက်သည်။

ဗုဒ္ဒဟူးနေ့ပစ်ခတ်မှုဖြစ်စဉ်အပေါ် အကြမ်းဖက်လုပ်ရပ်ဟု အမည်တပ်ပြောဆိုခဲ့ခြင်းမရှိသော်လည်း ၁၉၄၀ ပြည့်နှစ်က ဗြိတိန် ၀န်ကြီးချုပ် ၀င်စတန်ချာချီ မိန်းခွန်း စကားအတိုင်း အကြမ်းဖက်သမားများ အထူးသဖြင့် အိုင်အက်စ်တို့ကို လိုက်လံချေမှုန်းသွားမည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။

"သူတို့ (အကြမ်းဖက်သမားများ) ကို လေထဲမှာလည်း တိုက်ခိုက်ရပါမယ်၊ မြေပြင်တစ်ခွင်မှာလည်း လိုက်လံ အမှုန့်ချေရပါလိမ့်မယ်၊ နောက်ပြီး အွန်လိုင်းပေါ်မှာလည်း ချေမှုန်းရပါလိမ့်မယ်" ဟု ၄င်းက ဆိုသည်။

"သူတို့က အင်တာနက်ပေါ်မှာ တော်တော်လေး အသုံးကျကြပါတယ်၊ လူသစ်စုတဲ့နေရာမှာရော၊ ၀ါဒဖြန့်တဲ့နေရာ နောက်ဆုံး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဖို့ သွေးထိုးတဲ့နေရာမျိုးတွေ မှာတောင် တော်နေကြတာပါ" ဟု ၄င်းက ပြောဆိုသွားသည်။

Mizzima

No comments: