Tuesday, December 8, 2015

နှင်းဆီပင်စိုက်ပျိုးရန် မြောင်းတူးရာမှ စစ်ကျန်ရိုင်ဖယ်ကျည် ၆၀၀ ကျော် တွေ့ရှိ ++++++++++++

နှင်းဆီပင်စိုက်ပျိုးရန် မြောင်းတူးရာမှ စစ်ကျန်ရိုင်ဖယ်ကျည် ၆၀၀ ကျော် တွေ့ရှိ
+++++++++++++++++++++++++++++++++++++++++++++++++++

ဗန်းမော်၊ ဒီဇင်ဘာ ၇-ဗန်းမော်မြို့ သုံးမိုင်ရွှေပြည်သာရပ်ကွက်ရှိ နေ အိမ်တစ်အိမ်၏ခြံဝင်းအတွင်း၌ နှင်း ဆီပင်စိုက်ရန် မြောင်းတူးရာမှ စစ်ကျန် ရိုင်ဖယ်ကျည်တောင့် ၆၀၀ ကျော် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ သုံးမိုင်ရွှေပြည် သာရပ်ကွက်၊ အိမ်အမှတ် (ရပသ/..) နေ ဦးကျော်ဇေယျ ၄၄ နှစ်၏နေအိမ် အနောက်ဘက်တွင် ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီခွဲခန့်က နှင်း ဆီပင်စိုက်ပျိုးရန်အတွက် ဦးတင်အေး ၇၆ နှစ်ဆိုသူ အား အရှည် ပေ ၄၀၊ အကျယ် ၂ ပေ၊ အနက် တစ်ပေကျော်ခန့် မြောင်းတူး ခိုင်းစဉ် အဆိုပါမြေကြီးအတွင်းမှ ဒုတိယ ကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော စစ်ကျန်ရိုင်ဖယ် ကျည်တောင့်များ တွေ့ရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးကျော်ကျော်ဦးထံ သတင်းပို့ အကြောင်းကြားခဲ့သည်။

''လိုင်းကျင်းတူးရင်းနဲ့ အဲဒီလို တွေ့တာပဲ။ တွေ့တော့ ရပ်ကွက်အုပ် ချုပ်ရေးမှူးကို အကြောင်းကြားခဲ့တာလေ။ တွေ့တွေ့ချင်း လိုင်းတည့်တည့် မှာတော့ နည်းနည်းလေးတွေ့တာ ပေါ့။ နောက်လိုက်ရင်းလိုက်ရင်းနဲ့ ဒီနားလေးတင် ထပ်တွေ့တာ'' ဟု အိမ်ရှင်ဖြစ်သူ ဦးကျော်ဇေယျက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော ကြားသည်။

တူးဖော်တွေ့ရှိသော ကျည်ဆန်များအား ဗန်းမော်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအေးနိုင်ဦးနှင့်အဖွဲ့၊ ဒေသခံ စစ်မြေပြင်အင်ဂျင်နီယာတပ် ရင်းမှ တာဝန်ရှိသူများ လာရောက် စစ်ဆေးခဲ့ရာ ဂျီ (ဒသမ ၃၀၃) ရိုင် ဖယ်ကျည် ၆၁၁ တောင့်ဖြစ်သည့် အဆိုပါကျည်များမှာ စစ်ကျန်ကျည် တောင့် များဖြစ်သည့်အတွက် အသုံး ပြုမရ ပျက်စီးကျည်များဖြစ်ကာ မွန်း လွဲ ၁ နာရီ ၅၀ မိနစ်တွင် မြို့မရဲစခန်း မှ ဒုရဲအုပ်ကျော်ကိုကိုသန့်က ဒေသခံ စစ်လက်နက်ပစ္စည်းတပ်စုမှ တာဝန်ရှိသူထံ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

MTH
#Democracytoday

Photo Caption: စစ်ကျန် ရိုင်ဖယ်ကျည်တောင့်များကို တွေ့ရစဉ်။
Photo: မိုးသို့ဟိန်း။

No comments: