ဟိုပင်၌ သုတရောင်ခြည် စာကြည့်တိုက် ပန္နက်တင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®
ဟိုပင် ဒီဇင်ဘာ ၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ကြာကြီးကွင်းကျေးရွာ၌ ဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီက သုတရောင်ခြည် စာကြည့်တိုက် ပန္နက်တင် အခမ်းအနား ကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းကျော်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တိုးတိုးမေ၊ စာကြည့်တိုက် ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးနှင့် အထောက်အကူပြု ကော်မတီဝင်များနှင့် ရပ်မိရပ်ဖများ ကအဆိုပါ စာကြည့်တိုက်ကို ပန္နက်တင် ပေးကြသည်။ ၎င်းစာကြည့်တိုက်သည် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းပံ့ပိုးငွေ ကျပ် ၁၀ သိန်းနှင့်အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် အလျား ၂၄ ပေ အနံ ၁၄ ပေ အမြင့် ၁၂ ပေ နံကပ်သွပ်မိုးအင်္ဂတေခင်း တစ်ထပ်ဖြစ်ပြီး ဒီဇင်ဘာလကုန်အပြီး ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
No comments:
Post a Comment