Thursday, December 3, 2015

မှားတယ်ဆိုရင် တရားဝင်ပြန်ပြင်ဆင်ချက်ဖော်ပြပေးပါ။ အကောင့် အတုဆိုရင်လည်း အတုဖြစ်ကြောင်းပြောပေးပါ။

မှားတယ်ဆိုရင် တရားဝင်ပြန်ပြင်ဆင်ချက်ဖော်ပြပေးပါ။ အကောင့် အတုဆိုရင်လည်း အတုဖြစ်ကြောင်းပြောပေးပါ။
------------------------------
The Voice Weekly  ရဲ့ Facebook စာမျက်နှာမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၂ ရက်နေ့ ရေဒီယိုမိန့်ခွန်းပြောကြားရာမှာ ပြောသွားတယ်ဆိုတဲ့ အချက် အလက်တွေကို ဖော်ပြပြီးသတင်းရေးတင်ထားပါတယ်။

နိုင်ငံတော်သမ္မတအနေနဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရေဒီယို မိန့်ခွန်းပြောကြားခဲ့တာ မရှိပါဘူး။ သမ္မတ ရေဒီယိုမိန့်ခွန်းပြောမယ်ဆိုရင် သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယို ကနေ ကြိုတင် အသိပေးသလို သတင်းစာမှာလည်း အပြည့်အစုံဖော်ပြပေးပါတယ်။

Voice စာမျက်နှာက ကျွန်တော်အမြဲဝင်ဖတ်နေတဲ့ သတင်းစာမျက်နှာပါ။
အခု ဖော်ပြတဲ့ စာမျက်နှာက အတုဆိုရင်လည်း အများသူငါ အမှတ်မမှားအောင် အသိပေး စေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အားလုံးက ကိုကျော်မင်းဆွေ ဦးစီး တဲ့ ဒီဂျာနယ်စာမျက်နှာကို အလေးထားဖတ်နေလို့ပါ။

ဖော်ပြထားတဲ့သတင်းက မှားနေတယ်ဆိုရင်လည်း ဒီအတိုင်းဖြုတ်မချပဲ မှားတဲ့ အကြောင်း ပြင်ဆင်ချက်ဖော်ပြပေးစေချင်ပါတယ်။

ဘာလို့လည်းဆိုတော့ အဲဒီသတင်းက သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံတဲ့ အကြောင်းနဲ့ ချိတ်ဆက်ရေးထားတာဖြစ်လို့ပါ။

နောက်ပြီး အများစိတ်ဝင်စားနေတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး သမ္မတက ပြောတယ် ဆိုတဲ့အချက်တွေကိုပါဖော်ပြထားတာလည်းတွေ့ရလို့ပါ။

No comments: