ပူတင်ပြောသည့် ဗုဒ္ဓဘာသာအကြောင်း
-------------------------------
ဘယ်ဘာသာကိုမှ အယုံအကြည်မရှိတဲ့
ရုရှားသမ္မတ ပူတင်က ဘုန်းတော်ကြီး Pandito Khambo ကို
လျှောက်ထားတဲ့ စကားအချို့ကို ခြုံကြည့်လိုက်မယ်ဆိုရင်...
-
"ဗုဒ္ဓတရားဟာ လူသားအချင်းချင်းချစ်ခင်ခြင်း၊
မိမိတိုင်းပြည်အပေါ် ချစ်ခင်မှုကို အခြေခံထားပြီး
တကယ့်လူသားဆန်ပြီး ၊ အကြင်နာတရား ပြည့်ဝတဲ့
ဘာသာတရားဖြစ်ပါတယ်။
-
အရှင်ဘုရားဟာ လူ့ကျင့်ဝတ်တရားနှင့် လိုက်ဖက်သော ယုံကြည်မှုများကို သင်ကြားပေးခြင်းဟာ
အလွန်အရေးကြီးလှသည့်အတွက် အရှင်ဘုရားကို ကျေးဇူးတင်ရှိပါကြောင်း လျှောက်တင်လိုပါသည်ဘုရား။
ဗုဒ္ဓသာသနာအတွက် လိုအပ်သည့် အရာဟူသမျှ
ဖြည့်ဆည်းပေးနိုင်ရင် တပည့်တော် အမြဲအဆင်သင့်ရှိပါ
တယ်ဘုရား"။
သူ့ရဲ့နိုင်ငံအတွင်း ဗုဒ္ဓတရားများကို
ဟောကြား သင်ကြားပေးတဲ့အတွက်
အလွန်ကျေးဇူးတင်ကြောင်း
စသည်ဖြင့်
ရုရှားဗုဒ္ဓဘာသာ ခေါင်းဆောင် ဘုန်းတော်ကြီး
Pandito Khambo ထံ ဖူးမြော်ရင် အလည်ရောက်ရှိလာစဉ် သမ္မတ ပူတင်က လျှောက်တင်လိုက်တာပါ။
ဘယ်ဘုရား ဘယ်ဘာသာကိုမှ အယုံအကြည်မရှိတဲ့
ကွန်မြူးနစ်သမား အာဏာရှင်ကြီး ပါးစပ်က
ဒီစကားတွေ ထွက်လာတာ သူဟာ ဗုဒ္ဓဘာသာကို အထင်မသေးဘူးဆိုတာ ပေါ်လွင်ပါတယ် ။
သူဟာ ဗုဒ္ဓဘာသာတရားကို လေ့လာနေဆဲဟုဆိုလျှင်ပိုမှန်ပါလိမ့်မယ် ။
-
ဒါကြောင်းထင်ပါတယ် အခုတလော ရုရှားမှာ
မဟာယာနဘုန်းတော်ကြီးတွေ ထေရဝါဒဆရာတော်တွေ ကြွကြွပြီး ဘုန်းကြီးကျောင်းတွေ စင်တာတွေ ဆောက်လုပ်နေကြတာ တော်တော်များပြားလာနေတာတွေ့ရပါတယ် ၊
မကြာသေးခင်က သီတဂူဆရာတော်ကြီး ဦးစီးပြီး
မော်စကိုမြို့တော်ကြီးမှာသွားပြီး ထေရဝါဒမြန်မာကျောင်းဆောက်သေးတယ်။
၂၀၁၃-လောက်က ရုရှားမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့
လူဦးရေ တစ်သန်းခွဲ (1.5 million) လောက်ရှိပြီး
ခု ၂၀၁၅ ရောက်လာတော့ တစ်သန်းခွဲကျော်သွားပါပြီ။
ဗုဒ္ဓဘာသာ အဆောက်အဦး တွေကလည်း
၂၀၁၃ လောက်ကထက် နှစ်ဆပိုများလာကြောင်းသိရပါတယ်။
...........................
အပြည့်အစုံလေ့လာလိုသူများအတွက်လင့်ခ်များ..
http://siberiantimes.com/business/investment/news/putin-in-siberia-to-salute-buddhism-and-the-religions-important-role-in-russian-history/
http://siberiantimes.com/business/investment/news/putin-in-siberia-to-salute-buddhism-and-the-religions-im
http://www.tsemrinpoche.com/…/russian-leadership-supports-b…
Credit
ဓမ္မဘက်တော်သား ဧရာဝတီ
No comments:
Post a Comment