*စစ်တပ်မကောင်းဘူးဖယ်ရှားမယ်ဆိုလျှင် *
မင်း ----တပ်သားသစ် လုပ်မလား ?စစ်သင်တန်း ၆ လ လောက်တက်ရမယ် ။ဆယ်တန်းအောင်ရင်ဗိုလ်လောင်း သင်တန်း ၄ နှစ် လောက်တက်ရမယ် ။လေ့ကျင့်ရမယ် ။သင်ယူရမယ် ။ခင်ဗျားသား စစ်ထဲ ထည့်ပေး မလား ?ဆေးတပ် မှာ လိုတယ် ။စစ်အင်ဂျင်နီယာ တပ် မှာ လို တယ် ။စစ်သူနာပြု တက္ကသိုလ်တွေမှာ လိုတယ် ။ရေ တပ်၊ လေ တပ်၊ ကြည်းတပ်၊ နယ်ခြားစောင့်တပ် တွေမှာ လည်း လိုနေတယ်။မြန်မာ့ ရေပိုင်နက် ပင်လယ်ကမ်းရိုးတန်း မိုင် ၁၃၀၀ ကျော်လောက် ရေပေါ် ရေအောက် မှာ အခု ရေတပ်က တန်ချိန် တစ်သောင်းအထက် စစ်သင်္ဘော တွေ ရေငုပ်သင်္ဘော တွေ အများ ကြီး လိုနေတယ် ။ရေတပ်သား တွေ လည်း အများ ကြီး လို နေ တယ် ။တိုက်လေယာဉ်မျိုးစုံ ကိုင်တွယ်မောင်းနှင်နိုင်တဲ့လေ သူ ရဲ တွေ အယောက် ၂ သောင်းကျော် လောက် လိုနေတယ် ။ဟိုး တောင်ငူခေတ်ကဘုရင့်နောင် ယိုးဒယား၊ အာသံ၊ မဏိပူရ၊ လာအို ကမ္ဘောဒီယား၊ ယူနန်၊ ရှမ်းပြည်နယ်တွေထိန်း ချုပ် စဉ် က ပြည် နယ် ၈၀ ကျော်က တပ် တွေ ရဲ့ စာရင်း၊ ဆင်တပ်၊ မြင်းတပ်၊ အမြောက်၊မြတပူ ၊ စိန်ပြောင်း၊ သေနတ် နဲ့ မြစ်ကူး တံတား တည်ဆောက်ရေး တပ်တွေကို ရိက္ခာထောက်ပံရေးတပ်တွေကို လေ့လာကြည့် ကြ ပါ ။တောင်ငူခေတ် ဆင်ဖြူများရှင်သခင် ဘုရင့်နောင် ရဲ့ မြန်မာတပ် ဟာ အရှေ့တောင် နဲ့ တောင်အာရှမှာ ပြိုင် ဖက်ကင်း ဖြစ်ခဲ့တာ ပါ ။အခု ဘယ်မှာလဲ ။ကုလား ကြောက်ရ တရုတ်ကြောက်ရ ပထွေး အဖေခေါ် သူခိုးဓားရိုးကမ်းနေတဲ့ သူတွေက တစ်မှောင့် ။ကောင်းပြီ ။ ဒီစစ်တပ်က မကောင်းဘူး ဖယ်ရှားမယ် ဆိုလျှင်လက်သည်းကြား အပ် စိုက် ပြီး တပ်မတော် ပြန် ဖွဲ့ချင်ကြ သေး သလား ။ဘယ်သူတွေ ပါ မလဲ ။စစ်တိုင်းမှုးတစ်ယောက် ကို အင်္ဂလို၊ ကုလားလို စကား ပြောတတ်တာနဲ့ ခန့် လို့ မရ ပါ ဘူး ။ဒီနေ့ စစ်တပ် က နေရာတကာ ပါနေရတာ နိုင်ငံရေး သမား ဆို သူ တွေ ခု ထိ အသုံးမကျလို့ဆိုတာ ကို သေ ချာ သိ ကြဖို့လို ပါတယ် ။အယ်ခေဒါ က စိန် ခေါ် ပြီ ။ဘယ်နိုင်ငံရေး သမား ဆို သူ က သေရေး ရှင်ရေး ရှေ့ ထွက် လာ သလဲ ၊၊အိုင် အက်စ် က ကြိုးတုပ်ပြီး လည် လှီး ပြတယ် ။အရှင်လတ်လတ် မီးရှို့သတ်တယ် ။သစ်ငုတ်ပေါ် တင် ပြီး လည်ပင်းဓားနဲ့ ခုတ်ဖြတ်ပြတယ် ။ဘယ်ပါတီ တွေ က ရှေ့ ကထွက် လာ သလဲ ၊၊မြန်မာ ပြည် အလယ်ပိုင်း ဒေသတွေ အများစု လိုလို ရေ ရှား တယ်။ဘယ်မှာလဲ လူ့အခွင့် အရေး အကူအညီပေးရေး ဆို သူ တွေ ၊၊နိုင်ငံမြို့ လယ် ခေါင် ရဟန်း တော် တစ် ပါး အလကား သက်သက် မဲ့ အရှင် လတ်လတ် မီးရှို့ လည်လှီး သတ်ခံခဲ့ရတယ်။ဘယ်သွားပြီး ဝမ်းနည်းကြောင်းပန်းစည်းချ နေ ကြ သလဲ။ဒီမို ယောင် ဝါး တွေ။ကုလား နောက် လိုက် လား မမေးနဲ့ အပြေးလိုက်တယ် ။ ခဲတံဆိုတာလိုလိုဂစ်တာဆိုတာလိုလို ။စစ်တပ်က ကောင်းပါတယ် စစ်အာရှင် က မကောင်းတာ ပါ တဲ့ ။လာ သေးတယ် ။ဘယ်မှာ လဲ စစ်အာရှင် က ။ဦး သန်းရွှေလား ဆိုတော့ဒီမိုကရေစီ ဖခင်ကြီးလိုလို ဘာလိုလို အသံကို တိတ်လို့ ။ဗိုလ်ချူပ် မင်းအောင်လှိုင် လား ဆို ပြန်တော့သူကတော့ တော်ပါ တယ် တဲ့ ။ဒါ ဖြင့် ဒုတိယ ကာချုပ် လား ဆိုပြန်တော့ ။ သူက လူဖြောင့် လူမှန် လုပ်ပြန် ရော ။ဗိုလ် နေဝင်း ဆိုပြီး ပြောပြန်ရော ။ အဲဒီခေတ်က နိုင်ငံရေးသမား ဆိုသူတွေ ဘာလုပ်နေခဲ့ကြတာလဲ ။ဘယ်စစ်ဗိုလ်က ဘယ်အချိန် မှာ ဘာလုပ်ခဲ့တာ ဆိုတာ စာရင်း နဲ့ အချက် အလက် နဲ့ လုပ်ထားပါ ။ တိုင်းပြည် နှင့် လူမျိုး အတွက် ဥပဒေကြောင်း အရ လွှတ်တော် မှာ စကားပြော မယ် ဆို တော့ အဲဒီလိုလည်း မဟုတ်ပြန်ဘူး ။သမ္မတ အသစ် ဖြစ်လာရင် ရင်ဆိုင်မယ် ။တရားသူကြီးချုပ်အသစ် ခန့်ပြီး မတရားမှု တွေ အကုန် ဖော်ထုတ်ကြမယ် ။ အချက် အလက်တွေ ပေး၊ လက်မှတ်ထိုး ၊ မှတ်ပုံတင် ပေး ဆိုပြန် တော့ ကောင်းလိုက်တဲ့ သတ္တိ တစ်ဦးမှ ထွက်မလာဘူး ။သမ္မတ မှာ အာဏာ မရှိတာလိုလို ၊ လွှတ်တော် ကလည်း ဘာမှ မလုပ်ပေးနိုင်တာလိုလိုတစ်ခါလာ ဒီစစ်တပ် ကို ပဲ အပြစ် ပြောပြော နေကြ တာ နား ကြာပြင်းကပ် လှပါပြီ ။လက်တွေ့ ကျကျ ဖြစ် နိုင်တာ ကို ပြော ဆို ပြီး တိုင်း ပြည် ကို တည်ဆောက်ကြ ဖို့ အချိန် တန် လွန်း နေ ပါ ပြီ ၊၊ဖြစ်လာမယ့် နယ်ချဲ့တွေရဲ့ ခြေလှမ်းတွေ ကို သိလွန်းလို့ ပြောနေရတာပါ ။
No comments:
Post a Comment