မိုးညှင်း စစ်ဘေးသင့် ဒုက္ခသည်များ စားဝတ်နေရေး အခက်ကြုံနေ
ဒီဇင်ဘာလ ၅ ရက်၊ ၂၀၁၅
မိုးညှင်းဒုက္ခသည် များ မိမိနေရပ် အောင်သပြေ ကျေးရွာသို့ ပြန်လည်နေထိုင်ခွင့် ရသော်လည်း ၎င်းတို့အဓိက လုပ် ကိုင်စားသောက်သည့်ဒေသသို့ တပ်မတော်က သွားလာခွင့်မပြု သည့်အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း ဒုက္ခ သည်များကပြောသည်။
ယင်းသို့အခက်အခဲဖြစ်နေ သည့် ဒေသခံများအား ဘာသာ ရေးအဖွဲ့များမှ တတ်နိုင်သမျှ ထောက်ပံ့ပေးနေရကြောင်းမိုးညှင်းကက်သလစ်အသင်းတော်မှ ဆရာလရိန်ကပြောသည်။
‘‘အောင်သပြေကလူတွေက အဓိကကတော့ တောင်ယာလယ် ယာလုပ်စားတဲ့သူတွေများတယ်။ ပြီးတော့ တောမှာ ရှာစားတဲ့သူ တွေများတယ်။ အခု သွားခွင့်မပေးတော့ တော်တော်ခက်နေကြ တယ်။ တချို့ တောင်ယာတွေ လည်း မရိတ်သိမ်းတော့ဘူး။ ဒီအတိုင်းပစ်ထားလိုက်ရတယ်’’ ဟု ဆရာလရိန်ကပြောသည်။
ဒေသခံများ လုပ်ကိုင်စား သောက်သည့်နေရာသို့ သွားလာ ခွင့်ပြုရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၏ ထောက်ခံစာ ပါသော်လည်း တပ်က ခွင့်မပြု သွားလာခွင့်မရှိကြောင်း ဒေသခံများက ဆိုသည်။
မိုးညှင်းဒေသတွင် နိုဝင်ဘာ ၁၅ ရက်မှစတင်ပြီး အစိုးရတပ် မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့၍ ကေအိုင်အေတပ်မဟာ(၈) ယာယီစခန်းကိုဆုတ်ခွာပေးခဲ့ရသည်။ ဒေသခံများသည်လည်း တိုက်ပွဲများကြောင့်မြို့ပေါ်ရှိ ဘာသာရေး ကျောင်းများသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။
7 Day
No comments:
Post a Comment