မြိတ်ခရိုင်တနင်္သာရီမြို့နယ် တကူကျေးရွာတွင် မိုးရေနှင့် အတူ ရွှေရောင်ငွေရောင်တောက်နေ သည့် အမှုန့်များ ကျသည့်ဖြစ်စဉ် တစ်ခုဖြစ်ပွား
+++++++++++++++++++++++++++++++++++++++++++++
ယင်းဖြစ်စဉ်ကိုဒေသခံများက ရွှေမိုးငွေမိုးများ ရွာသွန်းခြင်းဟုယူဆ
++++++++++++++++++++++++++++++++++++++++++++++
မြိတ် ဒီဇင်ဘာ ၅ ။ ။ ယခုရက်ပိုင်းအတွင်းက ဗန်းမော်မြို့နယ် မိုးဖိန်းကျေး ရွာ တွင်ဒေသခံများစွာ လာရောက်ကြည့်ရှု ခဲ့သည့်ရွှေ မိုးများ ရွာသွန်းသည်ဟုဆိုသော ဖြစ်စဉ်တစ်ခု မြိတ်ခရိုင်တနင်္သာရီမြို့နယ် တကူကျေး ရွာ တွင် ထပ်မံဖြစ်ပွား ခဲ့ကြောင်းသိရသည်။
အဆိုပါတကူကျေးရွာတွင် ဒီဇင်ဘာ၃ရက် ညနေ၄နာရီ က ရွှေရောင်ငွေရောင် လက် နေ သည့် အမှုန်များ သည် မိုးရေနှင့် အတူနေ ရာ အနှံပြန့်ကျဲခဲ့ကြောင်းသိရသည်။
''တနင်္သာရီရိုးရာ ဧဇာသီချင်းမှာ ဘုန်းကံပေါ်လို့ ရွှေမိုးငွေမိုးရွာဆိုတဲ့ အဓိပါယ်မျိုးပါတဲ့ စာသားတွေ ရှိပါတယ်။ကောင်တဲ့နမိတ် လို့ယူဆပါ တယ်''ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးသန်းစိုးဝင်းကပြောသည်။
တနင်္သရီမြို့နယ် တကူကျေးရွာတွင်ယင်းကဲ့ သို့ ရွှေရောင်ငွေရောင် လက်နေသည့် အမှုန်များမှာမိုးရေနှင့်အတူ ပါလာခြင်းကိုလည်းဒေသခံများ ကရွှေမိုးငွေမိုးရွာသွန်း သည်ဟုယူဆလျှက်ရှိနေကြသည်ဟုသိရသည်။
''အဲဒီနေ့ကရွာတဲ့မိုးကပုံမှန်မိုးလိုမဟုတ်ဘူး။ကောင်းကင်မှာအရောင်တွေလက်လက်နဲ့ထူးခြားမှုရှိနေပါတယ်''ဟုတကူရွာသားတစ်ဦးကပြောသည်။
ယင်းကဲ့သို့မိုးရွာသွန်းမှုဖြစ်ပွားပြီဒီဇင်ဘာ ၄ရက်နံနက်ကတ ကူကျေး ရွာရှိမြက်ခင်းပြင်များတွင်ရွှေ ကြည်ငွေကြည်ကဲ့သို့အမှုန်များ ကိုမြင်တွေ့ ခဲ့ရသည်ဟုတကူရွာနေမမျိုးငယ်ကပြောသည်။
ရွှေမိုးငွေမိုးရွာသွန်းသည်ဟုယူဆထားသည့်ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီးလည်းဒေသခံရွာသားများကတိုင်းပြည် အတွက်န မိတ်ကောင်း ဟုပြောဆို လျှက်ရှိနေကြောင်းသိရသည်။
တနင်္သရီမြို့နယ် တကူကျေးရွာတွင် ယခုရက်ပိုင်း အတွင်းကဖြစ် ပွားခဲ့သည့် အလားတူဖြစ်စဉ်မျိုးသည်လွန်ခဲ့သည့် ၃နှစ်ခန့်က တနင်္သာရီမြို့ရှိနေရာ တစ်ချို့တွင်နှစ်ခါဖြစ် ပွားခဲ့ကြောင်း တနင်္သာရီစာရေး ဆရာများအ သင်း ဥက္က ဌ ဦးသန်းစိုးဝင်းကပြောသည်။
မြိတ်ခရိုင်တနင်္သာရီမြို့နယ် တကူကျေးရွာတွင်ဖြစ်ပွားခဲ့သည့်အ လား တူဖြစ်စဉ် တစ်ခုလည်း နိုဝင်ဘာ ၃၀ ရက်က ဗန်းမော် မြို့နယ် မိုးဖိန်းကျေး ရွာ ဥစာ သိုက်ထွန်းလေးကျွန်းပြည့်စေတီ အနီးတွင် အဝါရောင်ရေ စက်များ ရွာသွန်း ခဲ့ပြီးယင်း ကဲ့သို့ရွာသွန်း ခဲ့ခြင်းကို လည်းဒေသခံ များကရွေးမိုး များရွာ သွန်းသည်ဟုဆိုကာ ဒေသခံများစွာ လာရောက်ကြည့်ရှု ခဲ့ကြသည် ဟုသိရသည်။
#DaweiWatch
#Democracytoday
Photo - မြိတ်မြို့သတင်းမီဒီယာ ။
No comments:
Post a Comment