"ဦးနေဝင်းမြေး အေးနေဝင်း၏လော်ဘီ ရဲမိုးနှင့် ဦးသန်းရွှေမြေး နေရွှေသွေးအောင်တို့၏ ပဋိပက္ခစတင်ဖြစ်ပွား"
(၁) Nay Shwe Thway Aung ဖေ့စ်ဘွတ်မှ-
အားလုံးမင်္ဂလာညနေခင်းပါ...
ဒီဇင်ဘာလရဲ့အေးချမ်းမှုနဲ့အတူ မြန်မာပြည်ကနယ်ပယ်အသီးသီးကခေါင်းဆောင်များဟာလည်း ပြည်သူများအားလုံးသိရှိပြီးတဲ့အတိုင်း တိုင်းပြည်ငြိမ်းချမ်းညှင်သာစွာအသွင်ကူးပြောင်းနိုင်ရေးအတွက် တက်ညီလက်ညီပူးပေါင်းဆောင်ရွက်နေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။
ဒီလိုအနေအထားဟာနှစ်ပေါင်းသုံးဆယ်လောက်မှာပထမဆုံးအကြိမ်လို့တောင်ဆိုနိုင်ပြီး ပြည်သူများလည်းဝမ်းသာကြည်နူးနေကြသလို ပြည်တွင်းပြည်ပမီဒီယာအားလုံးနီးပါးမှာလည်း အပြုသဘောဆောင်တဲ့ရေးသားထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့သတင်းများနဲ့ ဓာတ်ပုံများကြည့်မယ်ဆိုရင်လည်း အားလုံးရွှင်လန်းတက်ကြွစွာနဲ့ပူးပေါင်းဆောင်ရွက်မယ့်အခြေအနေကောင်းများကို တွေ့မြင်ရမှာဖြစ်ပါတယ်။
နားလည်ထားရသလောက် အတိုက်အခံဘက်ကလည်း အစိုးရနဲ့တပ်မတော်လုပ်ရခက်မယ့်ကိစ္စများ၊ အမျိုးသားရေးအကျိုးစီးပွားထိခိုက်မယ့်ကိစ္စများတောင်းဆိုထားခြင်းမရှိသလို ဒီဘက်ကလည်းနောင်တက်လာမယ့်အစိုးရနဲ့ အကောင်းဆုံးပူးပေါင်းလက်တွဲဖို့ ကြိုးပမ်းဆောင်ရွက်နေတာကိုအားလုံးတွေ့ရပါလိမ့်မယ်။ အကယ်၍များနှစ်ဘက်ခေါင်းဆောင်ပူးပေါင်းဆက်ဆံရေးမှာ အထစ်အငေါ့များရှိခဲ့လျှင်တောင် ပြည်သူများဝိုင်းဝန်းကူညီဖေးမရမှာဖြစ်ပြီး တချို့ဟာမရှိတဲ့အပြစ်ကိုပုံကြီးချဲ့ပြောဆိုလျက် လူထုဒေါသမထွက်ထွက်အောင်သွေးထိုးလှုံ့ဆော်နေတာကိုတွေ့နိုင်ပါတယ်။ သို့သော်ကံကောင်းတာတစ်ခုက ပြည်သူအများစုဟာအရင်ကလိုမဟုတ်တော့ဘဲ အဖြစ်မှန်ကိုကောင်းစွာနားလည်သဘောပေါက်နေတာပါပဲ။
အခြေအမြစ်မရှိတဲ့အယူအဆနဲ့ 'တပ်မတော်' ကိုပင်အခြေကုတ်ယူကာ သွေးထိုးလှုံ့ဆော်နေမှုများကို ပြည်သူများကပါးပါးနပ်နပ်သိရှိနားလည်ရန်လိုအပ်ပြီး ခေါင်းဆောင်များအားလုံးယခုလို ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်နေတာကို တစ်တပ်တစ်အားဝိုင်းဝန်းကူညီကြရမှာဖြစ်ပါတယ်။ လက်ရှိဖြစ်စဉ်များအားလုံးဟာ ခေါင်းဆောင်များတိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံးဆောင်ရွက်ခဲ့လို့သာ ဒီလိုအခြေအနေရောက်လာတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ခေါင်းဆောင်များကတောင် သွေးထိုးမှုများကိုနားမယောင်ဘဲ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ပူးပေါင်းဆောင်ရွက်နေစဉ်မှာ ဘာမဟုတ်တဲ့သွေးထိုးလှုံ့ဆော်မှုကြောင့် အများပြည်သူစိတ်ဝမ်းကွဲနိုင်မယ့်ကိစ္စများကို သတိပြုရှောင်ကြဉ်စေပြီး ပြည်သူများအားလုံး သံသယကင်းကင်း၊လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်ရေးသားလိုက်ရပါတယ်...
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ.. :)
https://www.facebook.com/Chelseafc0014/posts/1217375268279611:0
--------***--------
(၂)ရဲမိုးဖေ့စ်ဘွတ်မှ-
နေရွှေသွေးအောင် ရဲ့  မိတ်ဆွေက ...
ကျွန်တော့်ကို ...
ဖြစ်စဉ်အသေးစိတ် ရှင်းပြပါတယ် ...
ဦးသန်းရွှေနဲ့  ဒေါ်အောင်ဆန်းစုကြည်တွေ့ မယ့်ကိစ္စကို ...
ထိပ်ပိုင်း လူပုဂ္ဂိုလ်လေးဦး ကြိုတင်သိထားပါတယ် ...
ဦးသန်းရွှေက ကြိုတင် ခေါ်ပြောပြထားတာပါ ....
ကျန်တဲ့ သူ တစ်ဦးတစ်ယောက်မှ ...
မသိပါ လို့  သူက ဆိုပါတယ် ...
သို့ သော် ...
တွေ့ ဆုံပွဲ အပြီး ...
ကြေငြာချက်ထုတ်မယ့် ကိစ္စကိုတော့ ...
အစိုးရ နဲ့  တပ်ဘက်က ...
လုံးဝ ကြိုတင်သိရှိထားခြင်း မရှိပါဘူးလို့ လဲ ....
သူက အတည်ပြုပေးပါတယ် ...
သို့ သော် ...
ဒီသတင်းကို ကျွန်တော်တင်ဖို့ လုပ်တဲ့ အချိန်မှာ ...
တပ်ဘက်က ချက်ချင်း အပြည့်အ၀ ငြင်းဆန်ပါတယ် ...
တပ် အနေနဲ့  ...
ဒီကိစ္စကို လုံးဝ ကြိုတင်မသိကြောင်း ...
အတည်ပြု ပြောဆိုပါတယ် ...
တပ်မတော်ဟာ ...
တို့ တာဝန် အရေးသုံးပါးကို ...
ကာကွယ်စောင့်ရှောက်သွားမယ် ...
တပ်မတော်ဟာ ...
ဖွဲ့ စည်းပုံ အခြေခံဥပဒေနဲ့ အညီ ...
တိုင်းပြည်တာဝန်ကို ထမ်းဆောင်သွားမှာဖြစ်တယ်လို့  ...
တပ်ဘက်က ထပ်လောင်း အတည်ပြု ပြောကြားပါတယ် ....
တပ်ဘက်က သတင်းကို ....
ထပ်မံအတည်ပြုပေးသူရဲ့  အဆင့်အတန်းဟာ ...
အပြည့်အ၀ ခိုင်မာမှု ရှိတဲ့ အတွက် ....
ဒီစတေးတပ် နဲ့ အတူ ...
မနက်က Only Me လုပ်ထားတဲ့  ...
စတေးတပ်စ်ကို Public ပြန်ဖွင့်လိုက်ပါတယ် ....
သတင်းအပြည့်အစုံကိုတော့ ...
ဗုဒ္ဓဟူးနေ့ ထုတ် ဂျာနယ်မှာ ...
ဆက်လက်ရေးသား ဖော်ပြသွားမှာ ဖြစ်ပါတယ် ....
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  ...
ပေါ့စေလိုလို့  ကြောင်ရုပ်ထိုး ...
ဆေးကြောင့် မလေးစေလိုကြောင်း ...
ကျွန်တော့် အနေနဲ့  ...
ထပ်မံ ရေးသားထောက်ပြအပ်ပါတယ် ..... ။ ။
( ရဲမိုး )
https://www.facebook.com/yemoe.nyogroup/posts/840485686064328
No comments:
Post a Comment