Saturday, December 5, 2015

အွန်လိုင်းအသုံးပြု ကာမလိမ်လည်ရယူရာတွင် ကျောင်းသူနှင့် ပြင်ပအမျိုးသမီးငယ်များကို ပစ်မှတ်ထားလုပ်ဆောင်လာ ==============

အွန်လိုင်းအသုံးပြု ကာမလိမ်လည်ရယူရာတွင်
ကျောင်းသူနှင့် ပြင်ပအမျိုးသမီးငယ်များကို ပစ်မှတ်ထားလုပ်ဆောင်လာ
==========================

မကွေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် တောရောမြို့ပါအွန်လိုင်းအသုံးပြုမှု မြင့်တက်လာလျက်ရှိရာ ကာမ လိမ်လည်ရယူသူများအနေဖြင့် အွန်လိုင်းမှ တဆင့် မြှူဆွယ်ကာ ကာမလိမ်လည်ရယူ မှုများပြုလုပ်နေကြောင်း နှင့် တက္ကသိုလ်ကျောင်းသူများကို ပစ်မှတ်ထားလာနေကြောင်း မင်းဘူးခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့စခန်းများနှင့် မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ အွန်လိုင်းအသုံးပြု ကာမလိမ်လည်ရယူမှုများပြုလုပ်ရာတွင် အိမ်ထောင်ရှင်၊အမျိုးသားအမျိုးသမီး ဖြစ်ပါကအသက်ပြည့်ပြီး နှစ်ဦးသဘောတူသော်လည်း ကာမလိမ်လည်ခံရသူ၏ မိဘများကတိုင်ကြားလာပါက တလင်တမယား ဥပဒေအရ ထောင်ဒဏ်သုံးနှစ်မှ အမြင့်ဆုံးထောင်ဒဏ် ခုနစ်နှစ်အပြင် ဒဏ်ငွေ ကျပ်ငါးသိန်း အထိ ပြစ်ဒဏ်များကaျခံရနိုင်ကြောင်း စလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးက သုံးသပ်ပြောဆိုသည်။

''ကျွန်တော်တို့ သမီးလေးကို မကွေးတက္ကသိုလ်မှာ နေ့ကျောင်းထားပါ တယ်။ ဒုတိယနှစ်လောက်မှာ သူ့ချစ်သူ က လာရောက်တောင်းရမ်းချင်တယ်ဆိုလို့ ရွာမှာ တောင်းရမ်းခွင့်ပြုလိုက်ပါတယ်။

ဒါပေမဲ့သမီးလေးတတိယနှစ် ရောက်တော့ ကောင်လေးမှာ မယားကြီးနဲ့ ကလေးနှစ်ယောက်ရှိနေတာသိရတယ်။ သမီးကတော့ ဘာမှမလုပ် ချင်ပေမယ့် ကျွန်မတို့သမီးရဲ့ဘ၀ကို ပျက်အောင်လုပ်တဲ့သူကို ဥပဒေအရ တရားစွဲချင်ပါတယ်''ဟု ပွင့်ဖြူမြို့နယ် မုန်းမြောင်းတ၀ိုက်တွင်နေထိုင်သော ဇနီးမောင်နှံနှစ်ဦးက ပြောပြသည်။

စလင်းမြို့နယ်တွင် အိမ်ထောင်ရှင်များအကြား အွန်လိုင်းအသုံးပြုပြီး အိမ်ထောင်ရေးဖောက်ပြန်သောကြောင့် လာ ရောက်တိုင်ကြားမှုက များပြားသည်ဟု စလင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ မှုခင်းတာဝန်ခံက ပြောသည်။ အချို့မှာ ပထမ ဇနီးသည်ကိုစွန့်ပစ်ပြီး ဒုတိယမိန်းမရယူသောအမှုများလည်းရှိနေကြောင်း ယင်းက ပြောဆို သည်။

မကွေးတိုင်း၏မြို့တော် မကွေးမြို့တွင်လည်း ယခုနှစ်အတွင်း စွန့်ပစ်ကလေး ငယ်ခြောက်ဦးလောက်အထိရှိခဲ့ပြီး ထိုစွန့်ပစ်ကလေးများတွင် တိုင်းဆေးရုံကြီး၏ အစီအစဉ်ဖြင့် မွေးစားခံရသူကလေးနှစ်ဦးရှိပြီး ကျန်ကလေးများကိုမကွေးမြို့ရှိမိဘမဲ့နှင့်နေ့ကလေးထိန်းဌာနတွင် မွေးစားစောင့်ရှောက်ထားရသည်။

စောကျော်ဝင်း
(မှတ်ချက်) ဓါတ်ပုံသည် သရုပ်ဖော်သက်သက်ပုံသာဖြစ်ပါသည်။

No comments: