Friday, December 4, 2015

မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်မှ ပေးပို့သောတိုင်ကြားစာများကို ၀န်ကြီးဌာနများက ပြန်ကြားမှုနည်းပါး ------ ------ ------ ----- ------

မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်မှ ပေးပို့သောတိုင်ကြားစာများကို ၀န်ကြီးဌာနများက ပြန်ကြားမှုနည်းပါး
------ ------ ------ ----- ------
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှပေးပို့သော တိုင်ကြားစာများကို သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်ကြားမှုနည်းပါးကြောင်း အဆိုပါကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောသည်၊၊

    
မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေးကော်မရှင် ဥပဒေအရကော်မရှင်မှ ပေးပို့သောတိုင်ကြားစာများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားစာပေးပို့ရမည်ဖြစ်သော်လည်း ယင်းကဲ့သို့ပေးပို့မှာ နည်းပါးနေကြောင်း ဒီဇင်ဘာ ၄ ရက်နေ့တွင်ကျင်းပသော လူ့အခွင့်အရေးမြင့်တင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသော သတင်းစာရှင်းလင်းပွဲ၌ ဦးဝင်းမြက ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဲဒီလိုမျိုးတွေ ၀န်ကြီးဌာနတွေကသူတို့နဲ့မဆိုင်ဘူးဆိုတာ မတွေးရအောင် ဆရာတို့အနေနဲ့အစိုးရ၀န်ထမ်းတွေကို လူ့အခွင့်အရေးဆိုင်ရာဟောပြောပွဲတွေ လုပ်ပေးတယ်။ အရင်ကဆို လုံးဝပြန်ကြားစာမပေးတာတွေရှိတယ်။ အခုတော့ အရင်ကထက်ပြန်ကြားစာပေးပို့မှု အားကောင်းလာတယ်။ ဒါပေမယ့် နည်းတော့နည်းနေသေးတယ်”ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားစာမပေးပို့လျှင် ရက်ပေါင်း ၉၀ အတွင်း ပြန်ကြားစာပေးရန် အကြောင်းကြားကြောင်း၊ သို့သော်လည်း ပြန်ကြားစာဆက်မပို့လျှင် ၁နှစ်ပြည့်သည့်အခါ ပြန်ကြားစာပေးပို့ရန် ထပ်မံအကြောင်းကြားသည်ဟု ၎င်းကပြောသည်။
၁နှစ်ကြာသော်လည်း အကြောင်းမပြန်သည့်ဝန်ကြီးဌာနများကို လူ့အခွင့်အရေးအစီရင်ခံစာတွင် မှတ်တင်ထားရှိပြီး သမ္မတရုံးသို့ပေးပို့ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် စတင်ဖွဲ့စည်းသည့် ၂၀၁၄ ခုနှစ်မတ်လမှစတင်၍ ၂၀၁၅ ခုနှစ် အောက်တိုဘာလအထိ ပြည်တွင်းတိုင်ကြားစာ ၁၄၅၀ စောင်ရှိကြောင်း သိရသည်။

မေလှိုင်းသူ

No comments: