Friday, December 4, 2015

ထောင်ကျဖူးခြင်းသည် နိုင်ငံရေးအရည်အချင်းမဟုတ်၊ ရွေးကောက်ပွဲသုံးထပ်ကွမ်း အနိုင်ရ NLD အမတ်များအား အရည်အချင်းပေါ်မူတည်၍ အစိုးရအဖွဲ့တွင် တာဝန်ပေးအပ်မည်ဟု ဦးဝင်းထိန်ပြော

ထောင်ကျဖူးခြင်းသည် နိုင်ငံရေးအရည်အချင်းမဟုတ်၊ ရွေးကောက်ပွဲသုံးထပ်ကွမ်း အနိုင်ရ NLD အမတ်များအား အရည်အချင်းပေါ်မူတည်၍ အစိုးရအဖွဲ့တွင် တာဝန်ပေးအပ်မည်ဟု ဦးဝင်းထိန်ပြော
====== ====== ====== ====== ======
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တွင် ရွေးကောက်ပွဲသုံးကြိမ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် များရှိနေ ပြီး ၎င်းတို့၏ နိုင်ငံရေးအရည်အချင်းအပေါ် မူတည်ကာ အစိုးရအဖွဲ့တွင် တာဝန်ပေးမည်ဖြစ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က News Watch ဂျာနယ်သို့ ပြောသည်။

''သူတို့ အရည်အချင်းအပေါ်မှာ မူတည်တယ်။ တခုပြောပြလိုက်မယ်နော်။ ထောင်ကျတာ နိုင်ငံရေး အရည် အချင်းမဟုတ်ဘူး။ နိုင်ငံရေးအရည်အချင်းများထဲက တခုပဲရှိတယ်။ ထောင်ကျတိုင်းလည်း နိုင်ငံရေးမှာ အသုံး တည့်တာမရှိဘူး။ ထောင်ကျပြီး နိုင်ငံရေး အသုံးမတည့်ဘဲ ဂေါက်သွားတဲ့သူတွေတပုံကြီး။ လမ်းလွဲသွားတဲ့သူ တွေ တပုံကြီး မာန်တက်သွားတဲ့သူတွေ တပုံကြီး။ အဲတော့ အခုသုံးထပ်ကွမ်းဆိုတော့လည်း အဲဒီအထဲက ပုဂ္ဂိုလ်တွေ သူတို့အရည်အချင်းအပေါ် မူတည်ပြီးတော့မှ တာဝန်ပေးမှာ။ ထောင်ကျလို့ပေးတာ မဟုတ်ဘူး။ သုံးကြိမ်ရလို့ ပေးတာမဟုတ်ဘူး''ဟု ဦးဝင်းထိန်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ရွေးကောက်ပွဲ သုံးကြိမ် အနိုင်ရလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးရှိနေပြီး ဒေါက်တာမေ၀င်းမြင့်သည် ၁၉၉၀၊ ၂၀၁၂ ကြားဖြတ်၊ ၂၀၁၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ဦးဝင်းမြင့်သည် (၁၉၉၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဦးမန်းဂျော်နီသည် ၁၉၉၀ ရွေးကောက်ပွဲ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တွင် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၀၁၅ ရွေးကောက်ပွဲ တွင် မြောင်းမြမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဒေါက်တာဇော်မြင့်မောင် ၁၉၉၀ ရွေးကောက်ပွဲ အမရပူရလွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျောက်ပန်း တောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အမရပူရပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဒေါ်ခင်ဌေးကြွယ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ် ချောင်းဆုံလွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်း ကောင်း၊ ဒေါက်တာမြင့်နိုင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ကန့်ဘလူ လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွေဘိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ဒေါ်ခင်စန်းလှိုင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ၀က်လက်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဒေါက်တာအောင်မိုးညိုသည် ၁၉၉၀ ရွေးကောက်ပွဲ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၀၁၅ ရွေးကောက်ပွဲတွင် ပွင့်ဖြူမြို့ နယ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဦးအောင်ကြည်ညွန့်သည် ၁၉၉၀ ရွေးကောက်ပွဲ ချောင်းဆုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအမျိုးသား လွှတ်တော်(တောင်တွင်းကြီး)၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်(တောင်တွင်းကြီး)အဖြစ် လည်းကောင်း၊ ဦးပေါ်ခင်သည် ၁၉၉၀ ရွေးကောက်ပွဲ မြင်းခြံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဦးကျော်မြင့်သည် ၁၉၉၀ ရွေးကောက်ပွဲ ဧရာဝတီတိုင်းဒေသကြီး ဇလွန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၀၁၅ ရွေးကောက်ပွဲ တွင် တိုက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း ၀င်အရွေးချယ်ခံခဲ့ပြီး ရွေးကောက်ပွဲသုံးကြိမ်စလုံး အနိုင်ရရှိခဲ့သည်။ ယင်းအပြင် ဒေါက်တာသန်းဝင်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် မ/ဥက္က လာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD မှ မ/ဥက္ကလာ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ၀င်အရွေးချယ်ခံခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ မ/ဥက္ကလာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်အရွေးချယ်ခဲ့ခြင်းဖြစ်ရာ ရွေးကောက်ပွဲ သုံးကြိမ်စလုံး အနိုင်ရရှိခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် လွှတ်တော်အမတ်များအား မမေ့ကြောင်းနှင့် ရွေးကောက်ပွဲသုံးကြိမ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အသိအမှတ် ပြုဂုဏ်ပြုပါကြောင်း ပြောသည်။

လင်းလင်းအောင်

No comments: