Tuesday, December 8, 2015

နိုင်ငံသားတစ်ဦးကို တစ်လဒေါ်လာ ၈၆ဝ ထောက်ပံ့ရန် ဖင်လန်အစိုးရစဉ်း စားနေ ****************************************************************

နိုင်ငံသားတစ်ဦးကို တစ်လဒေါ်လာ ၈၆ဝ ထောက်ပံ့ရန်
ဖင်လန်အစိုးရစဉ်း စားနေ
*************************************************************************

ဟဲလ်ဆင်ကီ

၊ ဖင်လန်အစိုးရသည် အ ရွယ်ရောက်ပြီးသော နိုင်ငံသားအား လုံးကို တစ်လလျှင်ဒေါ်လာ ၈၆ဝ ထောက်ပံ့ပေးရန်စဉ်းစားလျက်ရှိနေ သည်ဟုသိရသည်။

ဖင်လန်လူမှုအာမခံဌာန KELA  ၏အဆိုပြုချက်အရ အရွယ်ရောက် ပြီးသူများ အလုပ်ရှာဖွေမှုကိုအားပေး သည့်အနေဖြင့် ယခုကဲ့သို့ငွေကြေး ထောက်ပံမှုအစီအစဉ်ကို အကောင် အထည်ဖော်ဖွယ်ရှိနေသည်ဟု သိရ သည်။

ဖင်လန်နိုင်ငံတွင် လက်ရှိကာ လအတွင်း အလုပ်လက်မဲ့နှုန်းမှာ စံချိန်တင်မြင့်တက်လျက်ရှိနေသည်။ လူအများစုလူမှုဖူလုံရေးအကျိုးခံစား ခွင့်များကို ဆုံးရှုံးနိုင်မှုကြောင့် လုပ် ခလစာနည်းပါးသောအလုပ်များကို ရှာဖွေလုပ်ကိုင်ခြင်းမရှိကြကြောင်းသိ ရသည်။ ဖင်လန်နိုင်ငံတွင် လုပ်သား အင်အားစု၏ ၁ဝ ရာခိုင်နှုန်းကျော် သည် အလုပ်လက်မဲ့ဖြစ်နေကြပြီး လူငယ်များအလုပ်လက်မဲ့ပမာဏ သည်၂၃ ရာခိုင်နှုန်းအထိ ရှိနေခဲ့ သည်။

KELA  စစ်တမ်းကောက်ယူ မှုတစ်ခုမှရရှိသော အချက်အလက် များအရ အစိုးရကိုယခုကဲ့သို့ငွေကြေး ထောက်ပံ့ခြင်းဖြင့် နိုင်ငံသားများ အလုပ်ရှာဖွေလုပ်ကိုင်မှုကို အားပေး နိုင်မည်ဖြစ်ကြောင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ယင်းအစီအစဉ်ကို အ ကောင်အထည်ဖော်ဆောင်ခဲ့လျှင် ဖင်လန်အစိုးရအနေဖြင့် တစ်နှစ်ကို ဒေါ်လာ ၅၆ဘီလီယံသုံးစွဲရရန်ရှိနေ သည်။ ယခုအစီအစဉ်ကို လေ့လာမှု များပြုလုပ်နေဆဲဖြစ်ပြီး နိုင်ငံသား တစ်ဦးချင်းကိုထောက်ပံ့ငွေမှာ ဒေါ် လာ ၆ဝဝ ဝန်းကျင်ရှိနိုင်ပြီး အခြား သောလူမှုဖူလုံရေးခံစားခွင့်အချို့ကို လည်း ဆက်လက်ပေးသွားရန် စဉ်း စားလျက်ရှိနေသည်ဟုသိရသည်။

ဖင်လန်ဝန်ကြီးချုပ်ဂျူဟာဆစ်ပီလာ ကနိုင်ငံသားများအတွက် အစိုးရအခြေခံဝင်ငွေထောက်ပံ့ရေးအစီအစဉ် ကိုထောက်ခံကြောင်း ပြောကြားထား ခဲ့သည်။ ယင်းအဆိုကို ၂ဝ၁၆ နိုဝင် ဘာလတွင်  အစိုးရကနောက်ဆုံးအ တည်ပြုဆုံးဖြတ်မှုပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ဖင်လန်တွင် လူဦးရေ ၅ ဒသမ ၆သန်းရှိပြီးနှစ်စဉ် နိုင်ငံဝင်ငွေမှာ ဒေါ်လာ ၂၆၇ဘီလီ ယံရှိကြောင်းသိရသည်။

Ref;UPI

No comments: