Saturday, December 26, 2015

ဒီဖျော်ရည်လေး သောက်သုံးပြီး သွေးကြောများ သန့်စင်ကြမယ်

ဒီဖျော်ရည်လေး သောက်သုံးပြီး သွေးကြောများ သန့်စင်ကြမယ်
Saturday, December 26, 2015

ဒီအစွမ်းထက်ဖျော်ရည်က သွေးကြောကို မယုံနိုင်လောက်အောင် လျင်မြန်စွာ သန့်ရှင်းစေပါတယ်။ ဒီဖျော်ရည်တစ်ခွက်သောက်ပြီးနောက် နေရထိုင်ရတာ များစွာ ပိုမိုကောင်းမွန်လာပါလိမ့်မယ်။ ဒီဖျော်ရည်က ခန္ဓာကိုယ် အဆိပ်အတောက်များ ရှင်းထုတ်ပေးပြီး သွေးကနေတဆင့် အဆီကို ထုတ်ပေးပါတယ်။

လိုအပ်သည့်ပစ္စည်းများ

ခရမ်းချဉ်သီးရည် (၁) ခွက်

သံပုယိုရည် ခွက် ၁/၄ ပုံ

ငရုတ်ကောင်းမုန့်

ဂျင်းအမုန့် ထမင်းစားဇွန်း (၁) ဇွန်း

တရုတ်နံနံကြီး (၂) ခက်

ဖော်စပ်သည့်နည်းလမ်း

ခရမ်းချဉ်သီးရည်၊ သံပုယိုရည်၊ ဂျင်း နဲ့ ငရုတ်ကောင်းမုန့်ကို ရောသမမွှေလိုက်ပါ။ အဖျော်ရည် ၂၂၀ မီလီလီတာ ရလာပါလိမ့်မယ်။ ဖန်ခွက်ထဲထည့်ပြီး လှပသွားအောင် တရုတ်နံနံကြီးကို ပေါင်းထည့်ပါ။ဒီအဖျော်ကို ထမင်းစားပြီးနဲ့ မစားခင်စပ်ကြားမှာ နေ့တိုင်း (၃) ခွက်သောက်ပေးသင့်ပါတယ်။ ကြိုတင်ဖျော်စပ်ထားပါက ရေခဲသေတ္တာထဲ သောက်ခါနီးအချိန်ထိ သိမ်းထားပါ။

Ref:healthyfoodstar
ပေါ်ထွန်း
Trend Myanmar

No comments: