Tuesday, December 8, 2015

လှိုင်မြစ်အတွင်း ပိုင်ရှင်မဲ.မူးယစ်ဆေးဝါး သိန်း (၁၁၂၅၈) သိန်းဖိုးတွေ.ရှိ ။

လှိုင်မြစ်အတွင်း ပိုင်ရှင်မဲ.မူးယစ်ဆေးဝါး သိန်း (၁၁၂၅၈) သိန်းဖိုးတွေ.ရှိ ။
===================================
၈..၁၂..၁၅
-
လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်စု၊ ငွေပင်လယ်စက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ် (၈၁) ဦးဖြိုးဝေကျော် (သ) ၃၄ နှစ် မင်္ဂလာဒုံနေသူ(ပိုင်)RINWAကွန်ကရစ် စက်ရုံအနီး လှိုင်မြစ်အတွင်းမှ
မျောပါလာသည့် အထုပ်တစ်ထုပ်အား(၅း၁၂း၂၀၁၅)
ရက်နေ့ (၁၃၄၀)အချိန် စက်ရုံလုပ်သားများမှာ တွေ့ရှိဆယ်ယူခဲ့ရာ ဆေးပြားများဟု ယူဆပြီး မြို့နယ်ရဲတပ်ဖွဲ့သို့ စက်ရုံမန်နေဂျာ ဦးဇော်မွန်ဦး (သ) ၃၃နှစ် (ဘ) ဦးတင်ဖေဦး မှတ်ပုံတင်အမှတ် ၈/တတက (နိုင်) ၁၀၁၀၄၄ မှယင်းအချိန်တွင် သတင်းပေးပို့အကြောင်းကြားလာသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၊်၊ မြို့နယ်ထွေ/အုပ် ဒု-ဦးစီး၊ မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်၊ ရပ်/ကျေးရာမှူးတို့ရောက်ရှိစစ်ဆေးရာwyစာတမ်းပါမူးယစ်ဆေးပြားများဖြစ်ပြီး ဆေးပြား(၂၂၅၁၆၀)တန်ဖိုးငွေကျပ်သိန်း (၁၁၂၅၈သိန်းတွေ့ရှိ
သိမ်းဆည်းရမိခဲ့ပါကြောင်း၊ လှိုင်သာယာမြို့မရဲစခန်းမှ မယ(ပ)
၇/၁၅ မူး/စိတ် ပုဒ်မ ၁၉(က) မူးယစ်တပ်ဖွဲ့မှဒုရဲမှူးမျိုးကြည် မှစနစ်တကျထုပ်ပိုးသိမ်းဆည်းခဲ့ပါကြောင်းတဲ့။
============
Kyaw Swar Myint

No comments: