Friday, December 25, 2015

မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးကို လူသတ်မှု ကျူးလွန်ကြောင်း အတင်းအကျပ်ဝန်ခံခိုင်းခဲ့ခြင်း မရှိဟု ထိုင်းရဲချုပ်ဟောင်းငြင်းဆို

မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးကို လူသတ်မှု ကျူးလွန်ကြောင်း အတင်းအကျပ်ဝန်ခံခိုင်းခဲ့ခြင်း မရှိဟု ထိုင်းရဲချုပ်ဟောင်းငြင်းဆို

---

ထိုင်းနိုင်ငံတောင်ပိုင်း  ကော့စမွေ တရားကနေ ရုံးမြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ် ချမှတ် လိုက်တဲ့ ဖြစ်ရပ်နဲ့  ပါတ်သက်ပြီး အဲဒီအမှု စဖြစ်စဉ် ကာလတုန်းက ရဲချုပ် တာဝန်ယူခဲ့သူ Gen. Somis Poompanmoung စုံမက် ဖုဖန်မွန့်  (ယခုအနားယူ) က  တရားခံတွေ ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ရဲတပ်ဖွဲ့အနေနဲ့ အတင်းအကျပ် ညှင်းပန်းနှိပ်စက်ပြီး ၀န်ခံခိုင်းခဲ့ခြင်း မရှိဘူးလို့ ထိုင်းအခြေစိုက် သတင်းမီဒီယာတွေကို ပြောဆိုပါတယ်။

ထိုစဉ်က သူကိုယ်တိုင် သွားရောက် ကြည့်ရူ့ ခဲ့တာပါ-အွန်လိုင်းတွေမှာ ရေးသားနေကြသလို မှားယွင်း ဖမ်းဆီးတာအတင်း အကြပ် ၀န်ခံခိုင်းခဲ့တာမရှိခဲ့ကြောင်းသတင်းထောက်တွေ ကို ပြောသွားခဲ့ပါတယ်။.
အွန်လိုင်းနဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ ရေးသားမှုတွေကြောင့် လူတွေ ထင်ယောင်ထင်မှား ဖြစ်နေကြတာဖြစ်ပြီး အဲဒီသတင်းတွေက အခြေအမြစ် မရှိဘူးလို့ အခုအခါမှာ အငြိမ်းစားယူလိုက်ပြီဖြစ်တဲ့ ထိုင်းရဲချုပ်ဟောင်းက ပြောဆိုပါတယ်။
သေဒဏ်ချမှတ်ခြင်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကတော့ ရဲတပ်ဖွဲ့က ညှင်းပန်းလွန်းတဲ့အတွက် ကျူးလွန်ကြောင်း လက်မှတ်ထိုးခဲ့ရတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

The Ladies News

Ref; Kapook

ထိုင်းရဲချုပ်ဟောင်း Gen. Somis Poompanmoung Photo - ( Kapook )

No comments: