Tuesday, December 1, 2015

မြန်မာနိုင်ငံ ပြည်ပကြွေးမြီ ဒေါ်လာ ကိုးဘီလီယံကျော်ရှိ

မြန်မာနိုင်ငံ ပြည်ပကြွေးမြီ ဒေါ်လာ ကိုးဘီလီယံကျော်ရှိ

မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံ ၁၃နိုင်ငံမှ ချေးငွေအ မေရိကန်ဒေါ်လာ ကိုးဘီလီယံကျော်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြောသည်။

ပထမအကြိမ်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသက် တမ်းအတွက် နောက်ဆုံးအကြိမ် အဖြစ်ကျင်းပသော (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ၂၀၁၄-၁၅ဘဏ္ဍာနှစ်ဒုတိယ ခြောက်လပတ်အမျိုးသားစီမံကိန်း ဆောင်ရွက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ၀န်ကြီးကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ သည်။

ယခုပမာဏသည် ၂၀၁၅ ဇွန်လ ၃၀ရက်အထိရရှိထားသည့် စာရင်းဖြစ်ပြီး ယခုအစိုးရသစ်လက်ထက်တွင်ချေးယူထားသည့် ပြည်ပချေးငွေ ဒေါ်လာ ၁ဒသမ၅ဘီလီယံကျော်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းတွင်ဖော်ပြသည်။

၁၉၈၈ မတိုင်မီက ချေးယူခဲ့သည့် ပြည်ပချေးငွေမှာ ဒေါ်လာလေးဘီလီယံကျော်ရှိပြီး ယခင်တပ်မတော်အစိုးရလက်ထက်ချေးယူခဲ့သည့် ပြည်ပချေးငွေမှာသုံးဘီလီယံကျော်ရှိကြောင်း ယင်းစာရင်းတွင် ဖော်ပြသည်။ လက်ရှိအစိုးရလက်ထက် ပြည်ပချေးငွေများချေးယူရန် လွှတ်တော်သို့ တင်ပြလာချိန်တွင် ယင်းချေးငွေများသည် နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လာနိုင်ခြင်း၊ အချို့ဝန်ကြီးဌာနများက မလိုအပ်ဘဲ ချေးယူခြင်းတို့ကြောင့် ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်သို့ အထပ်ထပ်တင်ပြသဖြင့် ခွင့်ပြုလိုက်ရခြင်းများရှိကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။

ယခုအခါ နိုင်ငံတကာမှချေး ယူထားသည့် ကြွေးမြီကိစ္စရပ်များ စီမံခန့်ခွဲဆောင်ရွက်နိုင်ရေး အတွက် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေမူကြမ်းကို ရေးဆွဲပြုစုကာ ပြည်ထောင်စုလွှတ်တော်သို့တင် ပြထားပြီး ကြွေးမြီခံနိုင်ရည်ရှိမှု လေ့လာသုံးသပ်ချက်များကို ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့စသည့်နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဦးဝင်းရှိန်ကပြောသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ချေးငွေပမာဏသည် အထက်ပါနိုင်ငံတကာအဖွဲ့အစည်းများ၏ တိုင်းတာ ချိန်ဆချက်များအရ သင့်တင့်သော ကြွေးမြီရယူထားသည့် အခြေအနေတွင်ရှိကြောင်း ၎င်းက ပြောသည်။

7

More in News Section

သမိုင်းပညာရှင်ဒေ


No comments: