Saturday, August 27, 2016

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မဲဆွယ်ကာလက တစ်ချို့စကားတွေကို ပြန်မမှတ်မိဘူးလို့ယူဆလို့ရတယ်

"ကျမတို့က ဘယ်နိုင်ငံခြားသား အစိုးရကိုမှ အားမကိုးဘူး... ကျမတို့ပြည်သူကိုပဲ ကျမတို့ အားကိုးတယ်"

ဒါသူပြောခဲ့တဲ့စကား မဲဆွယ်ကာလမှာ လူထုကအားကိုအောင်သူပြောခဲ့တယ်ဆိုလည်း
ခုချိန်မှာ သူစကားနဲ့အလုပ်တွေက လွဲချော်လာတယ်

ဖြစ်နေတာက သူကအစိုးရ ပြည်သူကအစိုးရကိုပြန်ခိုင်းရမှာလို့ မဲဆွယ်ကာလကစကားတွေက ခုချိန်မှာ ပျောက်ကွယ်နေပြီ.....

သူဖြစ်ချင်လုပ်ချင်တာကို အစိုးရအဖွဲ့ဝင်တွေက ကလေးတစ်ယောက်ကို ချော့သလိုမျိုး လိုက်လုပ်ပေးနေရတယ်လို့မြင်တယ်...မလုပ်လို့လဲမရဘူး...သူစိတ်ကြိုက် လူတွေခန့်ထားတာကို....

မြစ်ဆုံလည်းချပြမယ်လို့ပြောပြီး ခုထိ ဘာမှန်းမသိရသေးဘူး...

ခုပင်လုံ အသည်းအသန်လုပ်နေတယ်
အမှန်ဆို ပင်လုံကြီးအောင်မြင်မှ ငြိမ်းချမ်းရေးနိဘယ်ဆုကိုပေးခဲ့သင့်တာ....။

ခုဟာကငြိမ်းချမ်းရေးနိဘယ်ဆုအတွက်ပင်လုံကိုမရရ
အောင်လုပ်ပြနေရသလိုပဲ.....။တိုင်းရင်းသားတွေဘက်က
ပင်လုံကိစ္စဟာ ဒေါ်စုလောက်မရိုးရှင်းဘူး..ဒါကိုတော့
သူကောင်းကောင်းသဘောပေါက်ရလိမ့်မယ်...။

ရခိုင်အရေးမှာလည်း ဘယ်နိင်ငံခြားသားကိုမှအားမကို
ဘူးဆိုပြီ ခုလူမျိုးခြားကို ကိုယ်နိင်ငံရေးထဲဆွဲသွင်းလိုက်တယ်....။
တတ်သိပညာရှင်တွေကြောက်နေကြတာက သမိုင်းအမှန်
မပါသွားမှာပဲ....

ခေါင်းဆောင်နေရာရထားပြီးဆိုရင် ကိုယ့်နှုတ်ထွက်စကားကအမိန့်ပဲ...အောက်ကလိုက်နာ
အကောင်အထည်ဖေါ်ရမှာပဲ....ဒါကိုသတိထားဖို့လိုတယ်

သူမွေးထားတဲ့လူတွေထဲမှာ ကွီးဖြိုးတို့လို့ မီးထထရှို့တဲ့
ဝန်ကြီးတွေလည်းပါတယ်...မီဒီယာတွေရှေ့မိုးပျံရထားတို့
မိုးပျံတံတားတို့ဆောက်မယ်ဆိုပြီး ကလေးအတွေးနဲ့ရပ်ကွက်စကားပြောတတ်တဲ့လူတွေလည်းရှိတယ်.....အာရှဂေါ်ဇီလာလို့ပြောတဲ့ ပေါပေါတောတောတွေလည်းပေါမှပေါ.....။

ဒီလိုလူမျိုးထဲမှာ အွန်လိုင်လော်ဘီတွေလှော်နေသလို
မေမေဟာအရိယာဖြစ်နေတာကမဆန်းတော့ဘူး...
အောက်ကလူတွေကလည်း မြှောက်ပေးတာကလွဲပြီးကျွမ်း
ကျင်စွာလုပ်တတ်တာက ဘာမှမရှိတော့သူ့အတွက်
အထောက်အကူလည်းမရနိင်ဘူး....

ဒီကြားထဲသူကနိဘယ်ဆုရှင်ပဲ သူဘာလုပ်လုပ် မှန်တယ်ဆိုပြိီး မှိန်းလိုက်နေတဲ့အမတ်တွေတစ်ပုံကြိီး

ကိုယ်နိင်ငံကိုစီးပွားရေးဆက်ပိတ်ထားဖို့ဘာမသိညာမသိမဲခွဲပေးရဲ့တဲ့အမတ်တွေကလည်း တောင်လိုပုံ....

ဒီကြားထဲ မေမေအဆင်လေးကဘယ်လိုလှတာဆိုပြိီး
နိင်ငံခေါင်းဆောင်ကိုဖက်ရှင်မယ်အဆင့်လောက်အမြင်နဲ့
ကြည့်ပြီပြောနေတဲ့ ဖက်ရှင်ပညာရှင်ထောက်ခံသူတွေက
ဒုနဲ့ဒေး......။

ဒီထဲ ငလျင်လှုပ်တာကို မေမေကိုကောင်းချီးပေးတယ်ဆို
တဲ့ ငလျင်ပညာရှင်နမိတ်ဖတ်အမတ်မတွေကလည်းပါ
တော့...မေမေမှအရိယာမဖြစ်ရင် ဘုရားပွင့်ရင်တောင်
အရိယာဆိုတာ မီးခွက်ထွန်းရှာရမလိုဖြစ်နေပီ....

တစ်ခုခုဖြစ်ရင်အရင်ပထွေကို ထထတပြီးဆဲတတ်တဲ့
ဒီမိုပညာရှင်တွေကြားမှာ သူကိုယ်သူ ဒုတိယဘုရားသခင်
ဖြစ်နေတာ မလွန်ရှာဖူးလို့ယူဆရမှာပဲ.....။

ဒီတော့ ခင်များတို့ပြောပြောနေတဲ့ မေမေ့ ဒီမိုကရေစီမှာ
လက်တွေအလုပ်လုပ်မဲ့သူတွေမရှိတော့ တိုင်တစ်ပါးကို
အားကိုရတော့မှာပဲ....နောက်ဆို ခင်များတို့ဆဲထားတဲ့
တရုတ်ကြီးတောင် ကွီးလို့ခေါ်ရတော့မယ့်ခေတ်ရောက်လောက်ပြီ.....။ထစ်ခနဲရှိ အရင်အဘတွေကို ဆဲတဲ့အကျင့်တွေပြင်ထားကြ။
နောက်၂နှစ်လောက်ဆို ကိုယ့်အမတ်ကိုယ်ပြန်ဆဲရင်ဆဲနေရမှာ.....။

ငဒင်

No comments: