ကျေးလက်ပညာရေးဝန်ထမ်းတွေကို အိမ်ရာဆောက်ပေးရေးကိစ္စ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပြည်သူ့လွှတ်တော်မှာ သြဂုတ်လ ၂၆ ရက်နေ့က ပြန်လည်ဖြေကြားနေစဉ်
Photo: Win Naung Toe/RFA
ကျေးလက်ဒေသက အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမတွေအတွက် ဝန်ထမ်းအိမ်ရာတွေကို ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုရန်ပုံငွေရရှိမယ်ဆိုရင် ဦးစားပေးဆောက်လုပ်ပေးသွားမယ် လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောပါတယ်။
လေရှီးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ကျေးလက်ဒေသက ပညာရေးဝန်ထမ်းတွေ အတွက် အိမ်ရာဆောက်လုပ်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ပညာရေး ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တိုင်းပြည်တိုးတက်ဖို့အတွက် ပညာရေး ရင်းနှီးမြှုပ်နှံမှုဟာ အဓိကဖြစ် တာကြောင့် ပညာရေးဝန်ကြီးအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို အလေးအနက် ထားပြီး လုပ်ဆောင်ပေးဖို့လိုကြောင်း ပြောပါတယ်။
အဲ့ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာနကလည်း ဝန်ထမ်းအိမ်ရာတွေ ကို ဦးစားပေး ဆောက်လုပ်သွားမယ်လို့ ပြောဆိုသွားတာကြောင့် ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့် ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
No comments:
Post a Comment