Thursday, August 4, 2016

ပူတာအိုတွင် ဧရာဝတီတိုင်း ဒေသခံတစ်ဦးထံမှ မူးယစ်ဆေးဝါး စံချိန်တင်ဖမ်းမိ

ပူတာအို တွင် အူရီဒူးတာဝါတိုင်ဆောက်လုပ်ရေးကန်ထရိုက် လုပ်ဆောင်သည့် ဦးကျော်သက်အပါ အဝင် အခြား (၂) ဦး ကို မူးယစ်ဆေးဝါး (ဘိန်းဖြူ )များနှင့်အတူ ဇူလှိုင်လ ၃၀ရက်နေ့ တွင် ဖမ်းဆီး ရမိခဲ့ပြီး ထိုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးသည် ပူတာအို မြို့နယ်တွင် ဖမ်းဆီးမှုများမှ ပမာဏ အများ ဆုံးဖြစ်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူ ဦးကျော်သက် သည် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် အင်မကျေးရွာ မှဖြစ်ပြီး ပူတာအို တွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ ဖမ်းဆီးရမိသူ သုံးဦးကို ပူတာအိုမြို့နယ်ရဲစခန်းတွင် ဖမ်းဆီး အမှုဖွင့် အရေးယူထားပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်လေကြောင်း ဖြင့် ပူတာအိုသို့ ပြန်လာသည့်ဦးကျော်သက်အား မသင်္ကာသဖြင့် မြို့နယ် ရဲမှူးနှင့်အတူ ရပ်ကွက် အုပ်ချူပ်ရေးမှူးတို့မှ စစ်ဆေးခဲ့ရာ ၎င်းနေထိုင်သည့် ဘာအင်ရပ်ကွက်တွင် သူ၏ခရီးဆောင်အိတ်မှ ဘိန်းဖြူ တိုက်ငါးလုံးပုလင်း ၁ဗူးအား တွေ့ရှိခဲ့သည်။

ပြီးနောက် ဆက်လက်လိုက်လံစစ်ဆေးရာ တွင် ၎င်းနဲ့ အတူ မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် ဦးဝဏ္ဏ(သို့)မင်းမင်း နှင့် ဒေါ်အားချာ တို့ကိုလည်း ၎င်းတို့နေအိမ်မှ ဘိန်းဖြူ (၁၀၀)ဂရမ်အထုပ် ၈ထုပ်အား အိုဗာတင်းဗူးအထုပ်ထဲတွင်တွေ့ရှိခဲ့ပြီး  ည ၇ နာရီခန့်တွင် အဒေဒီကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဘာအင်ရပ်ကွက် အုပ်ချူပ်ရေး မှူး ဦးငွါးဆီးရဲ့ မှပြောသည်။

ဦးကျော်သက်သည် ၎င်း၏ အလုပ်သမားများကိုလည်း လုပ်အားခများ မရှင်းပေးကြောင်းလည်း အလုပ်သမားများမှဆိုသည်။ ဦးကျောက်သက်အား စစ်ဆေးရာတွင် မူးယစ်ဆေးဝါးကို ကောလင်းမြို့နှင့် ဝန်းသိုမြို့တို့မှ သယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးရောင်းဝယ်မှု ၃ကြိမ် ရှိပြီ ပြောကြောင်း သိရသည်။

ပူတာအိုခရိုင်တွင် ယခုနောက်ပိုင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများ များပြားလာလျှက်ရှိကြောင်း ဒေသခံများမှဆိုသည်။

No comments: