==
၎..၈..၁၆
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်
အကြီးအကဲတွေရဲ့လုံခြုံရေးကို ပုံမှန်ထက်အလေးထား ဆောင်ရွက်သွား
မယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သြဂုတ်လ (၃) ရက် ဒီကနေ့ ပြောလိုက်ပါတယ်။
-
မလေးရှားနိုင်ငံက ရဲစခန်းတခုကို IS အကြမ်းဖက်အဖွဲ့က ပေးပို့တယ်ဆိုတဲ့ ခြိမ်းခြောက်စာတစောင်မှာ... သူတို့အဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်မယ့်
သူတွေအဖြစ် မလေးရှားအစိုးရ ခေါင်းဆောင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည် ပါဝင်နေတာပါ။
-
အဲဒီ သတင်းတွေကြောင့် လုံခြုံရေးတိုးမြှင့်မှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ ကမ္ဘာ့နိုင်ငံတချို့မှာ IS အဖွဲ့ရဲ့ အစွန်းရောက် အကြမ်းဖက်
လှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် လုံခြုံရေးကို ပေါ့ဆလို့ မရတဲ့အကြောင်းလည်း ပြောပါတယ်။ အစိုးရအနေနဲ့ IS အဖွဲ့ရဲ့ အကြမ်းဖက် လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာနေပြီး၊ ဒေသတွင်းနိုင်ငံတွေနဲ့ သတင်း အချက်အလက်
တွေကို လက်တွဲ ပူးပေါင်းသွားမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
==========
RFA Burmese
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 4, 2016
ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး ပုံမှန်ထက်တိုးမြှင့်မည် ============================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment