သိသလောက်ပေါ့လေ... အတိအကျကြီးတော့မသိဘူး.. သိသလောက်..
နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေဆိုတာ ဘာလဲ .... ?
တိုင်းပြည်ရဲ့ အရေးပေါ်အခြေအနေတွေ၊ သဘာဝဘေးကျရောက်တဲ့အခြေအနေတွေမှာ သာမန်လျာထားတဲ့ ဝန်ကြီးဌာနတွေရဲ့ ဘက်ဂျက်နဲ့မလုံလောက်ရင် ပြည်သူလူထုကို ကယ်တင်နိုင်ဖို့အတွက် လွှတ်တော်က နိုင်ငံတော်သမ္မတရန်ပုံငွေဆိုတာကို ၂၀၁၃ ခုနှစ်မှာ စတင်ပြီး ဘဏ္ဍာရေးနှစ်တိုင်း ထည့်သွင်း လျာထားပေးခဲ့ပါတယ်..
တစ်နှစ်စာ နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေ ပမာဏ ဘယ်လောက်လဲ ...?
ကျပ် ဘီလီယံ (၁၀၀) ဖြစ်ပါတယ်။
ဘယ်လိုနေရာမျိုးတွေမှာ သုံးသလဲ...?
သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ တိုင်းပြည်မှာကျရောက်တဲ့ သဘာဝဘေး အန္တရာယ်တွေကို ကာကွယ် စောင့်ရှောက်ဖို့၊ ပြန်လည်ထူထောင်ဖို့ ကိစ္စတွေမှာ သုံးပါတယ်။
ဘယ်သူ့အာဏာနဲ့ သုံးသလဲ... ?
အဲဒီဘဏ္ဍာငွေက ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ထိန်းသိမ်းပါတယ်.. ကိစ္စရှိရင် ကက်ဘိနက် အဆုံးအဖြတ်နဲ့ သုံးရပါတယ်.. ဥပမာ ရခိုင်ပြည်ရေဘေးပြန်လည်ထူထောင်ရေး၊ ကောလင်း ရေဘေး ပြန်လည်ထူထောင်ရေးလိုကိစ္စမျိုးတွေပေါ်တဲ့အခါ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ သာမန်လျာထားငွေနဲ့ မလောက်တော့ရင် အဲဒီငွေထဲက အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြတောင်းခံ ဆုံးဖြတ်ပြီး သုံးစွဲပေးရပါတယ်..
ဦးသိန်းစိန်လက်ထက်မှာ ပြည်သူ့ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် သုံးစွဲပေးခဲ့သလား...?
သုံးစွဲပေးခဲ့ပါတယ်.. အကြမ်းဖျဉ်း နှစ်စဉ် ဘီလီယံ (၁၀၀) ရဲ့ ထက်ဝက်အကျော်ကို အရေးပေါ်လုပ်ငန်းတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ထုတ်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ က ဆိုရင် ဘီလီယံ (၉၀) လောက်တောင် ထုတ်ပေးခဲ့တယ်လို့ မှတ်သားဖူးပါတယ်.. အတိအကျသိချင်ရင် အစိုးရအဖွဲ့ရုံးမှာ စာရင်းရှိပါတယ်။
အရင်လွှတ်တော်ဟာ အခုအစိုးရအတွက် နိုင်ငံတော်သမ္မတရဲ့ သီးသန့် ရန်ပုံငွေကို လျာထားပေးခဲ့ပါသလား ..?
ကျွန်တော် သိသလောက် လျာထားခဲ့ပေးပါတယ်..
အခု အစိုးရဟာ သမ္မတရဲ့ သီးသန့် ရန်ပုံငွေကို အခုကျရောက်နေတဲ့ သဘာဝဘေးတွေအတွက် သုံးစွဲပေးပါသလား.. ?
ကွကိုယ် သွားမေးကြည့်ပါ.. ကျွန်တော်မသိပါဘူး။
အခုအစိုးရဟာ သမ္မတရဲ့ သီးသန့်ရန်ပုံငွေကို တစ်နေရာရာမှာ သုံးသလား.. ?
ဟိုတစ်လောကတော့ အဲဒီရန်ပုံငွေကို တနေရာရာမှာသုံးသံ ကြားမိတယ်.. ဟုတ်မဟုတ် သွားမေးကြည့်ပါ.. သေချာမသိဘူး။
ဒါဆို မင်းဘာကို သေချာသိသလဲ...?
ဦးသိန်းစိန်အစိုးရဟာ နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေဆိုတာကို အမြော်အမြင်ရှိရှိ ထူထောင်ခဲ့တယ်၊ ပြည်သူ့အကျိုးရှိရှိ သုံးစွဲပေးခဲ့တယ်။ အဲဒါကို သေချာသိတယ်.. နောက်တစ်ခုက အခု ဖေ့စ်ဘွတ်ပေါ်မှာ အရင် အစိုးရကပဲ ဘက်ဂျက်မထားသွားပေးလို့ အခုအစိုးရ မွဲနေသယောင်ယောင် ပြောနေတဲ့ စဆရကတွေဟာ ဘာမှမသိတဲ့ကောင်တွေဆိုတာကို သေချာသိတယ်..
(ကွီးအရာရှိဟောင်းပိုင်)
copy from - Aung Paing Min
No comments:
Post a Comment