ကချင်ပြည်နယ်
ဖားကန့်မြို့နယ်အတွင်း သြဂုတ်လ ၁၅ ရက် နံနက်ပိုင်းက
မြေစာပုံပြိုကျမှုဖြစ်ပွား ခြင်းကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂၅
ဦးသေဆုံးသွားကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်။
ဖားကန့်မြို့နယ်
အတွင်းရှိ စပေါ့ကျေးရွာ မှ ဘဇံခြောက် စန်းရွှေကုမ္မဏီ
မြေစာပုံပြိုကျခဲ့ခြင်းဖြစ်ပြီး ရေမဆေးကျောက် ရှာဖွေသူ ၂၅ ဦး ပြိုကျမှုတွင်
ပါဝင်သွားခဲ့ကြောင်း၊ ပြိုကျသည့် မြေစာများကို ဖယ်ရှားရှင်းလင်းရာတွင်
အလောင်း ၁၃ လောင်းကို တွေ့ရှိခဲ့ကြောင်းဒေသခံများက ဆိုသည်။
“ဆိုင်းတောင်
စပေါ့ကျေးရွာက ဘဇံခြောက် စန်းရွှေကုမ္မဏီ မြေစာပုံပြိုကျတာပါ လူ ၂၅
ယောက်လောက် ပါသွားတယ် ၊ သူတို့ ပြန်တူးတော့ အလောင်း ၁၃ လောင်း ပြန်တွေ့တယ်”
ဟု ဖားကန့်ဒေသခံတစ်ဦးက သြဂုတ်လ ၁၆ ရက်နေ့တွင် The Ladies သို့ပြောသည်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင်
စွန့်ပစ်မြေစာပုံများနှင့် ကျောက်ကြော တောင်ကမ်းပါးယံများ၊ ရေ၀ပ်နေသည့်
ကျောက်ကျင်းလုပ်ကွက် စသည့် မြေပြိုကျနိုင်သည့် နေရာများတွင်
ကျောက်မတူးကြရန် သတိပေးထားသည်။ ဖားကန့်မြို့နယ် အတွင်းရှိ
ကျောက်စိမ်းလုပ်ကွက်များနှင့် စွန့်ပစ်မြေစာပုံများ မကြာခဏ မြေပြိုကျမှုများ
ဖြစ်ပေါ်ခြင်းကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေဆဲဖြစ်သည်။
Photo – Chit Ko Ko
The Ladies News
No comments:
Post a Comment