( အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် )Photo: MOIပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမကျင်းပခဲ့တဲ့မဲဆန္ဒနယ်မြေတွေနဲ့ အစိုးရအဖွဲ့မှာ တာဝန်ပေးခံရတဲ့အတွက် ကိုယ်စားလှယ်လစ်လပ်သွားတဲ့မဲဆန္ဒနယ်မြေတွေအတွက် ကြားဖြတ် ရွေးကောက်ပွဲကို လာမယ့်နှစ် ဇန်န၀ါရီလမှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြောလိုက်ပါတယ်။
ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသေးတာကြောင့် ရွေးကောက်ပွဲ ရပ်ဆိုင်းထားခဲ့တဲ့ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်တို့အတွက် ဒီနှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းတာကို ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က လွှတ်တော်မှာ လာရောက်ဖြေကြားခဲ့ပြီးနောက် အစည်းအဝေးအပြီးမှာ သတင်းမီဒီယာသမားတွေကို ပြောခဲ့တာဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်တို့ကို ထည့်သွင်းကျင်းပပေး မှာဖြစ်ကြောင်းလည်း လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
လစ်လပ်မဲဆန္ဒနယ်တွေ များတဲ့အတွက် အတိအကျမပြောနိုင်သေးကြောင်းလည်း ဦးအောင်မြင့်က ပြောခဲ့ပါတယ်။
RFA Burmese
No comments:
Post a Comment