၅..၈..၁၆
-
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့ နှင့် လဟယ် မြို့များတွင် ဇွန် ၁၄ ရက်နေ့မှ စတင်၍ အသက်ရှုလမ်းကြောင်းတွင် ပိုးဝင်သည့် ရောဂါများ ဖြစ်ပွားမှူကြောင့် သြဂုတ် ၃ ရက်နေ့ အထိ သေဆုံးသူဦးရေ ၃၅ ဦး
ရှိသွားပြီ ဖြစ်ကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနာဂဒေသဦးစီးအဖွဲ့ရုံးမှ လက်ထောက်ညွန်ကြားရေမှုး ဦးသိန်းဇော် က ပြောကြားသည်။
-
ဇွန် ၁၄ ရက်နေ့မှ သြဂုတ် ၃ရက်နေ့အထိ လဟယ်မြို့နယ် အတွင်းရှိ ထန်ခေါ်လာားမားရွာ၊ ထန်ခေါ်နောက်ပိုး စိမ့်ပါးရွာ ၊လမ်းတိုင်းရွာ၊ခမ်းလိုင်းရွာ စသည့် ရွာငါးရွာ တွင် အသက်ရှုလမ်းကြောင်း ပိုးဝင်သည့် ရောဂါဖြင့် လူ
၂၃ ဦးသေဆုံးခဲ့ပြီး နန်းယွန်မြို့  ဒုံဟီးမြို့နယ်ခွဲအတွင်းရှိ ကဲဆန်ဆာလင်းရွာ ကဲဆန်ဘောက်လွန်းရွာ နှင့် ကဲဆန်ကားလန်ရွာသုံးရွာတွင်လည်း ဇူလိုင် ၂၈ ရက်နေ့မှ စတင် သြဂုတ် ၃ ရက်နေ့အထိ အသက်ရှုလမ်းကြောင်း ပိုးဝင်
သည့်ရောဂါဖြင့် လူ ၁၂ ဦးသေဆုံးခဲ့ကြောင်း ဦးသိန်းဇော် က ဆိုသည်။
-
လက်ရှိအချိန်တွင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့ အစည်းက ရောဂါမပြန်
့ပွားရေးအတွက် ဖြစ်ပွားရာ ကျေးရွာ များမှ လူတွေကို အပြင်သွားလာခွင့် ခေတ္တပိတ်ထားပြီး ရောဂါဝေဒနာခံစားနေရသူ ရာ ကျော်ရှိနေပါသေးသည်ဟု နာဂ ဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင်ရ နာဂဒေသ ဦးစီးအဖွဲ့ ထံမှသိရသည်။
===============
The Voice
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, August 5, 2016
နာဂဒေသတွင် ကူးစက် ရောဂါကြောင့် သေဆုံးသူဦးရေ ၃၅ ဦး ရှိ =================================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment