၅..၈..၁၆
-
တောင်ကြီးမြို့၊ မိန်းလမ်း၊ အင်းဝဘဏ်အနီးတွင် အသက် ၃၀နှစ်အရွယ် အမျိုးသမီးတစ်ဦးမှ လမ်းလယ်တွင်ထိုင်၍ ၄င်း၏လက်ကိုဓားဖြင့် မွှန်းနေမှု ယနေ့ (သြဂုတ် ၅ ရက်) နံနက် ၁၀နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။
-
၎င်းအမျိုးသမီးသည် လမ်းလယ် တည့်တည့်တွင် ထိုင်ကာ အများပြည်သူ
မောင်းနှင်လျက်ရှိသည့် ကား၊ဆိုင်ကယ်များ သွားလာ၍ မရအောင် ပိတ်
ထိုင်ပြီး ဓားဖြင့်မွန်းနေခဲ့ခြင်းဖြစ်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်ထိန်းရဲများ လာရောက် လမ်းရှင်းပေးခဲ့ရသည်။
-
တောင်ကြီးမြို့ ၊မြို့မရဲစခန်းမှ တာဝန်ရှိသူများမှ လာရောက်ဖြောင်းဖြ ပြောဆိုရာ အနားမကပ်ရန် နှင့် အနားကပ်ပါက ၄င်း၏ လည်ပင်းကို ဓါးဖြင့် လှီးမည်ဟု ခြိမ်းခြောက်ခဲ့သည်။
-
တာဝန်ကျရဲအရာရှိများကချော့မော့ပြောဆိုပြီး အနောက်မှ ၀င်ရောက် ချုပ်နှောင်ဖမ်းဆီး၍ တောင်ကြီးမြို့၊စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်
ပေးခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။
-
" အခုဆေးကုသပေးထားပါတယ်၊ စိုးရိမ်စရာမရှိပါဘူး၊ စိတ်ဝေဒနာသည်လည်းမဟုတ်ပါဘူး၊ ၊အခုဒီလို အများပြည်သူသွားလာနေတဲ့ လမ်းပေါ်မှာ အများပြည်သူတွေ စိတ်အနှောက်ယှက်ဖြစ်အောင်လုပ်တဲ့အပြင် မိမိကိုယ်ကို စိတ်အထိတ်တစ်လန့်ဖြစ်အောင် ပရိယာယ်သုံးတဲ့အတွက် ရဲအက် နဲ့ အမှုဖွင့်အရေးယူသွားမယ် " ဟု တောင်ကြီးမြို့၊မြို့မရဲစခန်းမှ ရဲအုပ် ထွန်းထွန်းဝင်း ကပြောသည်။
-
အများပြည်သူ သွားလာနေသည့် လမ်းပေါ်တွင် ယင်းကဲ့သို့ပြုမှုခဲ့သည့်
အတွက် ၄င်းအမျိုးသမီးကို ရဲအက်-၄၇ ဖြင့် တောင်ကြီးမြို့၊မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
============
7Day News Journal
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, August 5, 2016
"အမျိုးသမီးတစ်ဦးက လမ်းမပေါ်တွင် ကိုယ့်ကိုယ်ကို ဓားဖြင့်မွှန်း " ================================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment