Monday, August 1, 2016

မုံရွာတွင် ချင်းတွင်းမြစ်ရေကြီးမှု အနီရောင်အဆင့်ရောက်ရှိ -------- -------- --------

ချင်းတွင်းမြစ်ရေသည် ဇူလိုင် ၃၁ ရက် မွန်းတည့် ၁၂ နာရီတွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းထွာချက်အရ မုံရွာမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၀၀၀ စင်တီမီတာကို ကျော်လွန်ပြီး ၁၀၅၄ စင်တီမီတာကို ဆက်လက် မြင့်တက်လျက်ရှိကြောင်း သိရသည်။

"ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး တဖြည်းဖြည်း ဆက်လက် မြင့်တက် လာနေတဲ့အတွက် ချင်းတွင်းမြစ်ရိုးတစ်လျှောက်မှာ ရေကင်းတွေကို အနီရောင်အဆင့် သတ်မှတ်ပြီး ပြန်လည်ချထား စောင့်ကြည့်နေတာ တွေ့ရပါတယ်။ ဒီနှစ်မှာ သက်ဆိုင်ရာက မုံရွာမြို့ ချင်းတွင်းတာရိုး တစ်လျှောက်ကို ကျောက်စီနံရံတွေ၊ တချို့အပိုင်းတွေမှာ မြေသားတာရိုး ထပ်မံမြှင့်တင်ထားတာတွေ ဆောင်ရွက်ထားတော့ လက်ရှိ အနေအထားနဲ့ဆို စိုးရိမ်ဖို့မလိုသေးဘူး။ ဒီနေ့ကတော့ အောင်ဇေယျံရပ်ကွက် မြစ်ကမ်းနားနီးတဲ့အပိုင်းမှာ မိုးများတော့ မိုးရေတွေ အိမ်တွေထဲအထိ ဝင်ရောက်နေတဲ့အတွက် စက်နဲ့ ပြန်မောင်းပြီး ထုတ်နေရတယ်" ဟု မြစ်ကမ်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာမှုကြောင့် အထက်ချင်းတွင်းသွား အမြန်ရေယာဉ်လိုင်းများကို သက်ဆိုင်ရာက ဇူလိုင် ၂၅ ရက်မှ ဩဂုတ်လဆန်းပိုင်းအထိ ယာယီရပ်နားထားရာ အထက် ချင်းတွင်းဒေသသို့ လိုက်ပါလိုသည့် ခရီးသည်များ မုံရွာမြို့တွင် စောင့်ဆိုင်းနေကြရကြောင်း သိရသည်။

The Ladies News

No comments: